ဖမ်းဆီးထားသောလူငယ်များကိုပြန်မလွှတ်ပေးပါက ဖမ်းထားသောရဲ၃ဦးနှင့်ဒလန်၁ဦးကိုသေဒဏ်ချမည်ဟုဆို


စစ်ကောင်စီမှဖမ်းဆီးထားသော လူငယ်များကို ပြန်မလွှတ်ပေးပါက Chinland Defense Force (CDF) ဟားခါးမှ ဖမ်းဆီးထားသော ယာဉ်ထိန်းရဲ ၃ ဦးနှင့် ဒလန် ၁ ဦး တို့ကို သေဒဏ်ချမည်ကြောင်း CDF အဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။

"ဖမ်းဆီးထားတဲ့လူငယ်တွေကိုပြန်မလွှတ်ပေးရင် သူတို့ လေးယောက်စလုံးကို သေဒဏ်လို့ ပေးဖို့စဉ်းစားထားပြီးပြီ ဒီ local commander ရဲ့ လက်အောက်မှာပဲ ရှိတော့မှာ။" ဟု CDF အဖွဲ့ဝင် တစ်ဦးမှ ပြောသည်။ 

 ဟားခါးမြို့နယ်အနီးအနားဝင်းကျင်တွင် ပြည်နယ်ယာဉ်ထိန်းရဲများ ဖြစ်သော ၁။ ဦးစိုးလွင် - ရဲမှူး၊ ပြည်နယ် ယာဉ်ထိန်း(လ ၄၇၀၆) - အပတ်စဉ် ၂၃ ၂။ ဦးစိုးဝင်းသန်း- ဒုရဲမှူး ပြည်နယ်ယာဉ်ထိန်း (လ ၇၃၁၃) အပတ်စဉ် ၃၁ ၃။ ဦးဆုန်းကီး- ဒုရဲအုပ် ပြည်နယ် ယာဉ်ထိန်း(လ ၂၃၀၈၄) နှင့် ဒလန် ဦးစိုင်းထွန်းတို့ ဖမ်းဆီးထားကြောင်း Chinland Defense Force လူမှုကွန်ယက်တွင် ဖော်ပြထားသည်။


Chin World

https://www.facebook.com/Chin-World-167011980026853

ဖမ်းဆီးထားသောလူငယ်များကိုပြန်မလွှတ်ပေးပါက ဖမ်းထားသောရဲ၃ဦးနှင့်ဒလန်၁ဦးကိုသေဒဏ်ချမည်ဟုဆို ဖမ်းဆီးထားသောလူငယ်များကိုပြန်မလွှတ်ပေးပါက ဖမ်းထားသောရဲ၃ဦးနှင့်ဒလန်၁ဦးကိုသေဒဏ်ချမည်ဟုဆို Reviewed by THITHTOOLWIN on 20:17 Rating: 5

No comments:

Powered by Blogger.