ဖားကန့်မှော်ဝမ်း သပိတ်ဖြိုခွင်းချိန် အဖမ်းခံရသည့် လူငယ် ၈ ​ယောက်အား ၅၀၅(က)ဖြင့်အမှုဖွင့်





May 4 - Kachinwaves 

ဧပြီ ၂ရက်​နေ့က ဖားကန့်မှော်ဝမ်း သပိတ်ဖြိုခွင်းချိန် ဖမ်းဆီးခံရသည့် ပြည်သူ ၁၂ဦးမှ ၈ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သပိတ်တွင်ပါဝင်သူတစ်ဦးက ပြောသည်။

မှော်ဝမ်းသပိတ်ဖြိုခွင်းချိန် အဖမ်းခံရသည့် အထဲပါသည့်  အသက်မပြည့်သူ ၄ဦးမှ သုံးဦးကို အာမခံဖြင့် ပြန်လွတ်ပေးသော်လည်း တစ်ဦးမှာ မိဘမဲ့ဖြစ်ကာ အာမခံပေးမည့်သူမရှိ၍ မလွတ်ပေးသေးကြောင်း သပိတ်တွင် ပါဝင်သူတစ်ဦးက ဆိုသည်။

"အသက်မပြည့် လေးယောက်မှာ သုံးယောက်က အာမခံနဲ့ ဒီနေ့လွတ်ပေးလိုက်ပြီ လုံးခင်းက တစ်ယောက်က မိဘမဲ့ အာမခံပေးမဲ့သူမရှိဘူး"ဟု သပိတ်တွင်ပါဝင်သူတစ်ဦးက ပြောသည်။

ဖားကန့်မြို့ မှော်ဝမ်းသပိတ်တွင် အဖမ်းခံရသူများမှာ ဖားကန့် လုံးခင်းမှ စိုးဝင်းအောင် ၄၉နှစ် နှင့် နေမျိုးအောင် ၁၆နှစ် ဖြစ်ပြီး မှော်ဝမ်းမှ သိန်းသန်းဝင်း ၂၉နှစ် ၊ အောင်ကျော်လင်း ၂၀နှစ် ၊ ဇင်ညီညီဟိန်း ၁၆နှစ်၊ ရဲထွဋ်နိုင် ၁၅နှစ်၊ ဟိန်းခန့်အောင် ၁၆နှစ်  ၊ ထက်ဝေယံစိုး ၁၈နှစ်၊ ဝေဝေမြင့် ၂၈နှစ် နှင့် စုမွန်ကျော် ၂၈နှစ် တို့ဖြစ်ပြီး၊ ကံဆီးကျေးရွာမှ ဒေါ်မာအေး ၄၅နှစ် နှင့် နမ္မဖြစ်မှ ဒေါ်သန်းဌေး ၅၂နှစ်တို့ဖြစ်ကြောင်းသိရသည်။

မေလ ၂ရက်နေ့တွင် ဖားကန့် မှောဝမ်းသပိတ်တွင် စစ်​ကောင်စီရဲနှင့် စစ်သား​​များ၏ လက်ပစ်ဗုံး​၊ ​သေနတ်များဖြင့် ပစ်ခတ်မှု​ကြောင့် လုံးခင်းမှ အသက်၃၃နှစ်အရွယ် သူရဲကောင်း ကိုဝေဖြိုး ကျဆုံးသွားခဲ့ရပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။


Kachinwaves

https://www.facebook.com/kachinwavesnews

ဖားကန့်မှော်ဝမ်း သပိတ်ဖြိုခွင်းချိန် အဖမ်းခံရသည့် လူငယ် ၈ ​ယောက်အား ၅၀၅(က)ဖြင့်အမှုဖွင့် ဖားကန့်မှော်ဝမ်း သပိတ်ဖြိုခွင်းချိန် အဖမ်းခံရသည့် လူငယ် ၈ ​ယောက်အား ၅၀၅(က)ဖြင့်အမှုဖွင့် Reviewed by THITHTOOLWIN on 20:17 Rating: 5

No comments:

Powered by Blogger.