ဦးခေါင်း အပစ်ခံရပြီးသေဆုံးတဲ့ လမ်းမတော် အုပ်ချုပ်ရေးမှူး ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိလို့ ဆို




အစိုးရ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ပေါက်ကွဲမှု ဖြစ်ပွားတဲ့ ဓာတ်တိုင် ပုံ။ သေဆုံးနေတဲ့ လမ်းမတော် မြို့နယ် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပုံ။ ရန်ကုန်မြို့တွင်း တွေ့ရှိရတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များ။

ရန်ကုန်၊ မေ ၁၉၊ ၂၀၂၁

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး မေလ ၁၈ ရက် မနက်ပိုင်းက ဦးခေါင်း ပစ်ခတ်ခံရပြီး သေဆုံးမှုကို သွားရောက်စစ်ဆေးတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၇ ဦး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာကို ရောက်ရှိနေပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် အနော်ရထာ လမ်းနဲ့ ကိုင်းတန်း လမ်းထောင့်ရှိ ဓာတ်တိုင် အမြင့် ၇ ပေခန့်မှာ တပ်ဆင်ထားတဲ့ Myanmar Net ကေဘယ် အထိုင်ပုံး အတွင်းမှ ကြိုတင်ပြုလုပ်ထားတဲ့ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် လုံခြံုရေး တပ်ဖွဲ့ဝင် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ ကြောင်း မေလ ၁၉ ရက်ထုတ် အစိုးရ မြန်မာ့ အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

မေလ ၁၈ ရက် မနက် ၅ နာရီ ၄၅ မိနစ်ခန့်မှာ လမ်းမတော် မြို့နယ် အမှတ် ၃ ရပ်ကွက် အနော်ရထာ လမ်းနဲ့ ကိုင်းတန်း လမ်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရှိရတဲ့ အတွက် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင် (၄၅ နှစ်) က သွားရောက်စဉ် ၈ လမ်း တိုက်အမှတ် ၆၁ ရှေ့ လမ်းပေါ် အရောက် အမျိုးသား ၁ ဦးက သေနတ်နဲ့ ပစ်ခတ်လို့ နဖူးဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးခဲ့မှုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စုံစမ်းစစ်ဆေးခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ ရှာဖွေ စစ်ဆေး ခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ဦးခေါင်း အပစ်ခံရပြီးသေဆုံးတဲ့ လမ်းမတော် အုပ်ချုပ်ရေးမှူး ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိလို့ ဆို ဦးခေါင်း အပစ်ခံရပြီးသေဆုံးတဲ့ လမ်းမတော် အုပ်ချုပ်ရေးမှူး ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိလို့ ဆို Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.