ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အသေအပျောက်များရှိ

မေ ၃၁ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် နမ့်ဖက်ကာရှိ စစ်ကောင်စီ တပ်စခန်းများသည် ယနေ့ (မေ ၃၁)ရက် မနက်(၁)နာရီ တွင်  တိုက်ခိုက်ခံရပြီး ဒုတပ်ရင်မှူး အပါအဝင် တပ်သား ( ၁၁)ဦး သေဆုံးခဲ့ပြီး၊ လက်နက်များ သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။

ယနေ့ မနက် (၁)နာရီ မှ မနက် (၄)နာရီအထိ စစ်ကောင်စီ အုပ်စု နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် တအာင်း (ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA)၊ကိုးကန့်  (MNDAA) နှင့် ရခိုင်တပ်မတော် (AA) တို့ ပူးပေါင်း တိုက်ခိုက်မှုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီ ဘက်မှ ဒုတပ်ရင်းမှူး တစ်ဦးအပါအဝင် (၁၁) ဦး သေဆုံးကာ၊ (၁၅)ဦးပျောက်ဆုံးနေကြောင်း ၊ စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း မြေပြင် သတင်း အရသိရသည်။

“လက်နက်ကြီးတွေ ပစ်ကြတယ်။ ကျမတို့တော့ ဗုံးခိုကျင်းထဲ ပုန်းနေရတယ်။ လက်နက်ကြီး ၂ လုံး ကျတယ်။ တစ်လုံးတော့ ပေါက်သွားတယ်။ အိမ်တစ်အိမ်ထိသွားတယ်။ပြီးတော့ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ သူ တံခါးသွားပိတ်တော့ ရှထိသွားတာ။ ဆေးခန်းသွားပြပြီး ခုအိမ်ပြန်ရောက်ပါပြီ။” ဟု နမ့်ဖတ်ကာ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့မနက်ပိုင်း ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ အုပ်စု ဖြစ်ပွားသည့် တိုက်ပွဲ အကြောင်းကို TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော် က “ အောက်ခြေ သတင်းအချက်အလက် ကို ကျနော်မသိရသေးဘူး။ ကျနော်လည်း သတင်းပဲကြားရသေးတယ်။ အသေးစိတ်ကို မသိရသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ညီနောင်မဟာမိတ် တပ်ဖွဲ့ နှင့် စစ်ကောင်စီ တို့ လှုပ်ရှားသည့်နေရာသာဖြစ်ကြောင်း လည်း ဗိုလ်မှူး မိုင်းအိုက်ကျော် က ထပ်လောင်းပြောသည်။

ကွက်ခိုင်မြို့နယ်တွင် မေ (၃၀)ရက် တွင်လည်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နှင့် စစ်ကောင်စီ အုပ်စုတို့တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 မေ(၁၈) ရက်တွင် ကွက်ခိုင်မြို့နယ် နမ့်ပါချီး ကျေးရွာအနီးရှိ ပြည်ထောင်စု လမ်းမပေါ်တွင် စစ်ကောင်စီအုပ်စု၏ စက်သုံးဆီ ကားတစ်စီးကို KIA မှ လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အသေအပျောက်များရှိ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အသေအပျောက်များရှိ Reviewed by THITHTOOLWIN on 22:15 Rating: 5

No comments:

Powered by Blogger.