ဟားခါးမှာ စစ်တပ်လက်ထဲသေဆုံးသွားသူကို မိသားစုလက်ထဲမအပ်ဘဲ သင်္ဂြိုဟ်

ဟားခါးမှာ စစ်တပ်လက်ထဲသေဆုံးသွားသူကို မိသားစုလက်ထဲမအပ်ဘဲ သင်္ဂြိုဟ် ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့ကို တွေ့ရစဉ် / Photo: CJ

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့မှာ စစ်တပ်က အချိန် ၃ ရက်ကြာ ဖမ်းဆီးထားစဉ် မနေ့က သေဆုံးခဲ့ရတဲ့ မြို့ခံတစ်ဦးဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဦးတလဲရ်လိန်းရဲ့ ရုပ်အလောင်းကို မိသားစုလက်ထဲကို မအပ်ဘဲ စစ်တပ်ကပဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဦးတလဲရ်လိန်းရဲ့ ရုပ်အလောင်းကိုပေးဖို့ မိသားစုဝင်တွေ အပါအဝင် မြို့ခံလူကြီးတွေက တပ်တာဝန်ရှိသူတွေ ဆီကနေ ဒီနေ့မနက်က သွားတောင်းယူခဲ့ရာမှာ ကိုဗစ်ပိုးတွေ့ရှိတာကြောင့် မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်တဲ့ အကြောင်း အကြောင်းပြန်ခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မနေ့ကတော့ သူရုတ်တရက် နှလုံးဖောက်လာတာကြောင့် ကလေးမြို့ဘက်မှာ ဆေးကုသဖို့သွားစဉ် လမ်းခု လတ်မှာ သေဆုံးသွားခဲ့တာလို့ စစ်တပ်က မိသားစုကို အကြောင်းကြားခဲ့ပေမယ့် ဒီနေ့မနက်က အလောင်းကို သွားတောင်းရာမှာတော့ ကိုဗစ်ပိုးတွေ့လို့ မီးသင်္ဂြိုဟ်လိုက်တယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

ဦးတလဲရ်လိန်းဟာ လက်နက်ကိုင်လူငယ်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က ဟားခါးမြို့ နွယ်ချောင်းဘက်မှာရှိတဲ့ သူ့ရဲ့လယ်တောအိမ်ထဲကနေ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနေ့က စစ်သားတွေဟာ သူ့ကို ရိုက်နှက်ကန်ကျောက်ပြီး ကားပေါ်ကိုဆွဲတင်သွားတာလို့ မျက်မြင်အချို့က ပြောပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အသင်းတော်ဆရာတွေက သူ့ရဲ့ရုပ်အလောင်းကို မီးရှို့သင်္ဂြိုဟ်တာကို ခရစ်ယာန်ဘာသာအရ ဆုတောင်းပေးချင်တာကြောင့် စစ်တပ်ကို တောင်းဆိုခဲ့ပေမယ့် ခွင့်မပြုခဲ့ဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်က ဒီနေ့ညနေ ၆ နာရီခွဲလောက်အထိ တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/man-killed-by-army-in-hakha-05122021082313.html

ဟားခါးမှာ စစ်တပ်လက်ထဲသေဆုံးသွားသူကို မိသားစုလက်ထဲမအပ်ဘဲ သင်္ဂြိုဟ်  ဟားခါးမှာ စစ်တပ်လက်ထဲသေဆုံးသွားသူကို မိသားစုလက်ထဲမအပ်ဘဲ သင်္ဂြိုဟ် Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.