ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးအသစ်ရောက်လာပြီး၊ ဖမ်းဆီးမှုကြမ်းလာ


မေ ၃၁ရက် ၂၀၂၁

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်ရောက်ရှိလာပြီးနောက် ဖမ်းဆီးမှုများ၊ ပစ်ခတ်မှုများ ရှိလာကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့တွင် မေ (၂၁ )ရက်မှ စပြီး အုပ်ချုပ်ရေးမှုအသစ်ပြောင်းရွှေ့လာပြီးနောက်ပိုင်းတွင် ညတိုင်းနီးပါး ပစ်ခတ်မှုရှိလာပြီး၊ ဖမ်းဆီးမှုများရှိလာခဲ့ကြောင်း  ကျောက်မဲမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  

“ သူပြောင်းလာပြီး ကျောက်မဲမြို့က အရင်နဲ့မတူတော့ဘူး။ ၂၄ ရက်နေ့နောက်ပိုင်းမှာဆိုရင် သေနတ်တွေ ညတိုင်းဖောက်တယ်။ ဖမ်းတာတွေလည်း ပိုလုပ်လာတယ်။ ပိုပြီး ကြမ်းလာတယ်။ ညဆိုရင် အပြင်သိပ်မထွက်တော့ဘူး” ဟု ကျောက်မဲမြို့‌ဒေသခံတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။ 

ကျောက်မဲမြို့  မြို့နယ်အုပ်ချုပ်ရေးမှု အသစ်အုပ်ချုပ်လာသည့် ၁၀ အတွင်းတွင် ပြည်သူ ၂ ဦး သေနတ်ကျည်း ထိမှန်းခဲ့ကြောင်း၊ ဖမ်းဆီးမှုများလည်းရှိနေကြောင်း သိရသည်။ 

“ သူရောက်လာတော့ ၂ ယောက်လောက်ရှိတယ်သေနတ်မှန်တာ။ တစ်ယောက်က လူငယ် ညထွက်လို့ဆိုပြီးပစ်တာ လက်မောင်းဘဲ ရှပ်ထိသွားတာ။ ကျန်တစ်ယောက်က ဈေးထဲမှာဈေးရောင်းနေရင်နဲ့ ထိတာ။ သူလည်း ရှပ်ပြီးထိသွားတာ။ ခုတလော ဖမ်းဆီးတာတွေလည်း ရှိနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ 

အလားတူ ယမန့်နေ့ မေ (၃၀)  တွင် ဓာတ်ပုံဝါသနာရှင် ကိုမင်းမင်းကို နေအိမ်တွင် မွန်းလွှဲပိုင်း (၃ )နာရီကျော်တွင် ရဲတပ်ဖွဲ့ဝင်များကို သေနတ်ထောက်ပြီး ဖမ်းဆီးသွားကြောင်း သိရသည်။ 

ကိုမင်းမင်းသည် ဆန္ဒပြရာတွင် ဓာတ်ပုံများကိုရိုက်ပြီး ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်လေ့ရှိသောကြောင့် စစ်ဆေးရန်ဟု ပြောဆိုပြီး ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် လူငယ်တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

“ သူကဆန္ဒပြတဲ့ချိန်မှာ ဓာတ်ပုံရိုက်ပြီးတော့ သူဖေ့ဘွတ်ပေါ်မှာတင်တယ်။ သူကိုစစ်ဆေးဖို့ဆိုပြီးတော့ ခေါ်သွားတာ။ ဘယ်နေရာခေါ်သွားလဲတော့မသိဘူး။ သေနတ်ထောက်ပြီးတော့ခေါ်သွားတာ။ နေအိမ်ထိလာဖမ်းတာ” ဟု မျက်မြင်တွေ့ရှိသည့် လူငယ်က ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများကို နေအိမ်ထိလိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေ သဖြင့် ကျောက်မဲဒေသခံလုံခြုံးရေးအတွက် လွန်စွာ စိတ်ပူနေရသည်။ 

ကျောက်မဲမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသူ စုစုပေါင်း ၁၀ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးအသစ်ရောက်လာပြီး၊ ဖမ်းဆီးမှုကြမ်းလာ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးအသစ်ရောက်လာပြီး၊ ဖမ်းဆီးမှုကြမ်းလာ Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.