မြန်မာ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအတွက် ကုလတက္ကသိုလ်ရှေ့က ဆန္ဒပြပွဲ

မြန်မာ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအတွက် ကုလတက္ကသိုလ်ရှေ့က ဆန္ဒပြပွဲ


မြန်မာ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအတွက် ကုလတက္ကသိုလ်ရှေ့က ဆန္ဒပြပွဲ

ဂျပန်ရောက် ကချင်၊ ချင်း၊ ကရင်၊ မွန်၊ ဗမာစတဲ့တိုင်းရင်းသားတွေပါဝင်တဲ့ လူပေါင်း ၃၀၀ ကျော်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးဆန္ဒပြပွဲတစ်ခုကို ဂျပန်နိုင်ငံမြို့တော်တိုကျိုမြို့မှာ ဒီနေ့ မေလ ၁ ရက်မှာ ပြုလုပ်သွားပါတယ်။

ဒီဆန္ဒပြပွဲကို တိုကျိုမြို့ ရှိဘုယအရပ်က ကုလသမဂ္ဂတက္ကသိုလ်(United Nations University) ရှေ့မှာ ပြုလုပ်ခဲ့တာပါ။

ဆန္ဒပြပွဲမှာ မြန်မာပြည်ဖွားတွေအပြင် ဗီယက်နမ်စစ်ပွဲပြီးဆုံးရေး၊ နျူကလီးယားလက်နက်ချုပ်ငြိမ်းရေးတို့အတွက် ဆန္ဒပြခဲ့ဖူးသူ အသက် ၆၀ ကျော်အရွယ် ဂျပန်လူမျိုးတွေလည်း ပါဝင်ပါတယ်။

စစ်တပ်ရဲ့အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ဆန္ဒပြခဲ့ကြသလို ဂျပန်အစိုးရအနေနဲ့ စစ်တပ်နဲ့စီးပွားရေးဆက်မလုပ်ဖို့ကိုလည်း တိုက်တွန်းတဲ့စာတန်းတွေကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မြန်မာ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအတွက် ကုလတက္ကသိုလ်ရှေ့က ဆန္ဒပြပွဲ  မြန်မာ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအတွက် ကုလတက္ကသိုလ်ရှေ့က ဆန္ဒပြပွဲ Reviewed by THITHTOOLWIN on 18:19 Rating: 5

No comments:

Powered by Blogger.