ဂျပန်သတင်းထောက် သတင်းမှားများဖြန့်ဝေမှုနဲ့ တရားစွဲဆိုခံရ


ရန်ကုန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဂျပန်သတင်းထောက် ယူကီကီတာဇူမီ ကို သတင်းမှားများဖြန့်ဝေမှုနဲ့ စစ်ကောင်စီ က တရားစွဲဆိုလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကပြောပါတယ်။

ယူကီကီတာဇူမီဟာစစ်အာဏာသိမ်းကာလအတွင်းဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် တရားစွဲဆိုခံရတဲ့ပထမဆုံးနိုင်ငံခြားသားသတင်းထောက်ဖြစ်ပါတယ်။

ယူကီကီတာဇူမီကိုဘယ်လိုပုဒ်မနဲ့ တရားစွဲဆိုတယ်ဆိုတာမသိရပါဘူး။ဒါပေမဲ့ ဂျပန်သံရုံးဘက်က ပြောကြားချက်အရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် (၃)နှစ်အထိကျခံရနိုင်တယ်လို့ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ဂျပန်သတင်းထောက် သတင်းမှားများဖြန့်ဝေမှုနဲ့ တရားစွဲဆိုခံရ  ဂျပန်သတင်းထောက် သတင်းမှားများဖြန့်ဝေမှုနဲ့ တရားစွဲဆိုခံရ Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.