မြန်မာ့စီးပွားရေးအလားအလာအပေါ် ADB စိုးရိမ်



Share/Bookmark

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ကြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ပစ်ခတ်တဲ့အတွက် ရာနဲ့ချီတဲ့ အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာအပေါ် စိုးရိမ် ပူပန်မိကြောင်း ADB အာရှဖွံ့ဖြိုးရေးဘဏ်အကြီးအကဲ Masatsugu Asakawa က ရိုက်တာသတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ လူမှုစီးပွား ဖွံ့ဖြိုးမှုကို ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်စေနိုင်တဲ့အလားအလာတွေ ဖြစ်နေတာကြောင့် ကျနော့်အနေနဲ့ မြန်မာနိုင်ငံထဲက အခြေအနေတွေအပေါ် အထူးပဲ စိုးရိမ် ပူပန်မိပါတယ်။” လို့ ADB အကြီးအကဲက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေအကြား အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ ချေးထားပေးပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်က ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်တာကြောင့် မြန်မာနိုင်ငံအတွက် ချထားပေးဖို့ရှိတဲ့ ရန်ပုံငွေတွေကို ဖေဖော်ဝါရီလကစလို့ ADB က ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာက အလှူရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ပြောဆိုမှုတွေ လုပ်ဆောင်နေတဲ့ တချိန်ထဲမှာပဲ မြန်မာနိုင်ငံတွင်းက အခြေအနေတွေ တိုးတက်ပြောင်းလဲလာမှုအပေါ် မူတည်ပြီး သူတို့အနေနဲ့ တုံ့ပြန်သွားမယ်လို့လည်း ADB အကြီးအကဲ Masatsugu Asakawa က ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/adb-myanamr-economy-and-myanmar-military-coup/5880369.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ