The Voice Weekly နဲ့တနင်္သာရီဂျာနယ် အယ်ဒီတာဟောင်းကန့်ဘလူမှာဖမ်းဆီးခံရ


The Voice Weekly ဂျာနယ် နဲ့တနင်္သာရီဂျာနယ်တို့မှာ အယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့ပြီး လက်ရှိ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar မှာတာဝန်ထမ်းဆောင်နေတဲ့ ကိုအောင်မျိုးထက် ဒီကနေ့ သူ့ရဲ့ဇာတိ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှာ ဖမ်းဆီးခံရပါတယ်။

သူဟာ လက်ဘက်ရည်ဆိုင်ထိုင်နေစဥ် မနက် ၁၁ နာရီလောက်က အတူရှိနေသူတချို့နဲ့ အတူအဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သူ့ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

ခရိုင်ရဲမှူးနဲ့အဖွဲ့ မနေ့ညက ကင်းလှည့်လာစဥ် ကြွေးကြော်သံတွေ အော်သူတချို့ရှိပြီး သူ့ကို ဦးဆောင်သူဆိုပြီး စွပ်စွဲတိုင်ကြားခံရတာကြောင့် ဖမ်းဆီးခံရတာလို့လည်း ဆိုပါတယ်။

သူ့ကို ရဲစခန်းမှာ ဖမ်းပြီးစစ်မေးနေတာ အခုချိန်ထိ ဆက်လက် စစ်မေးနေဆဲလို့ သူ့ရဲ့မိတ်ဆွေက ပြောပါတယ်။

သူ့ကို သူ့ရဲ့မိသားစုတွေ၊ရှေ့နေတွေနဲ့အမြန်ဆုံးတွေ့ခွင့်ပေးဖို့နဲ့အမြန်ဆုံးပြန်လွှတ်ပေးဖို့ ISP-Myanmar က တောင်းဆိုထားပါတယ်။

ညပိုင်းမှာ နောက်ဆုံးမှာ သိရှိရတဲ့ သတင်းအရ သူ့ကို ပုဒ်မ ၅၀၅ (က) နဲ့ ရမန် နှစ်ပတ်ယူ ထိန်းသိမ်းထားတယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

The Voice Weekly နဲ့တနင်္သာရီဂျာနယ် အယ်ဒီတာဟောင်းကန့်ဘလူမှာဖမ်းဆီးခံရ The Voice Weekly နဲ့တနင်္သာရီဂျာနယ် အယ်ဒီတာဟောင်းကန့်ဘလူမှာဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:46 Rating: 5

No comments:

Powered by Blogger.