the Quad ကြောင့် အကြမ်းဖက်စစ်တပ် စိတ္တဇဖြစ်



Share/Bookmark


(၄/၄/၂၀၂၁)

အာဏာသိမ်းအကြမ်းဖက်စစ်တပ်တွေကြား စိတ်ဓါတ်ပျက်ပြားလာနေသူတွေများလာတဲ့အတွက် ပင်လယ်ပြင်ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းလုပ်ရတာလို့ အမည်မဖေါ်လိုသူ ရန်ကုန်တိုင်းစစ်ဌာနချုပ်အရာရှိတဦးကပြောပါတယ်။

တပ်တွင်းအရာရှိတွေကြားမှာ မြန်မာပင်လယ်ပြင်နားမှာ လုပ်မဲ့ the Quad စစ်ရေးလေ့ကျင့်မှုအပေါ် စိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေတယ်ဆိုပါတယ်။ the Quad အဖွဲ့နဲ့ပတ်သက်လို့ သီးသန့်လေ့လာရေးအဖွဲ့ဖွဲ့ လေ့လာခိုင်းပြီး စစ်ခေါင်းဆောင်တွေဆီ ပုံမှန်တင်ပြနေရတယ်ပြောပါတယ်။ နိုင်ဆွေဦး ဦးဆောင်ပြီး တပ်ပြုတ်တွေနဲ့ဖွဲ့ထားတဲ့အဖွဲ့တွေကိုပါ အကူအညီတောင်းဝါဒဖြန့်ဆွေးနွေးပွဲတွေလုပ်နေရတယ်ဆိုပါတယ်။

the Quad အဖွဲ့စစ်ရေးလေ့ကျင့်ရင်းနဲ့ မြန်မာကို ဝင်တိုက်လို့မရဘူးဆိုတဲ့ သုံးသပ်ချက်တွေကို တပ်တွင်းမှာ ချပြနေရတယ်လို့လည်း အဆိုပါအရာရှိကပြောပါတယ်။ ဝင်တိုက်တိုက် မတိုက်တိုက် the Quad ဆိုတဲ့ စကားလုံးက တပ်တွင်းမှာ စိတ္တဇလိုဖြစ် နေတယ်ဆိုပါတယ်။ သံလျင် ပုသိမ် အပါအဝင် ကမ်းရိုးတန်းဒေသတွေကို ပြီးခဲ့တဲ့အပတ်ကတည်းက တပ်အင်အားတွေပို တိုးချဖို့ အမိန့်ပေးထားတယ်လို့လည်း သူကပြောပါတယ်။

အဲဒီအတွက် ဆီမရှိ ကျည်မရှိတဲ့ကြားက အခုလို ဝေဟင် ရေပြင် ရေအောက်စစ်ဆင်ရေးဆိုပြီး တပ်တွင်းစိတ်ဓါတ်မြှင့်တင်ဖို့ ထလုပ်ရတာလို့ ရန်ကုန်တိုင်းစစ်ဌာနချူပ်က အရာရှိကပြောပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ