အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထောက်ပံ့တာတွေ ရပ်ဖို့ RSF တောင်းဆို

ရခိုင်၊ ကျောက်ဖြူမှာ ထားရှိတဲ့ ပေါ့စကိုအင်တာနေရှယ်နယ် ဓာတ်ငွေ့စက်ရုံ

အာဏာသိမ်းစစ်ကောင်စီကို ပေးအပ်နေတဲ့ ငွေကြေးအထောက်အပံ့တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ရပ်တန့်ဖို့ မြန်မာနိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီကြီး ၁၀ ခုကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က တောင်းဆိုလိုက်ပါတယ်။

အဲဒီထဲမှာ တောင်ကိုရီးယားပိုင် စတီးနဲ့စွမ်းအင် ကုမ္ပဏီကြီး POSCO၊ ပြင်သစ် ဟိုတယ်လုပ်ငန်း Accor၊ ဆွီဒင်နည်းပညာကုမ္ပဏီ Ericssoon တို့လည်း ပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တားဆီးနိုင်ဖို့ သံတမန်နည်းလမ်းအရ၊ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေအရ မလုံလောက်ဘူးလို့လည်း RSF က ထုတ်ပြန်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထောက်ပံ့တာတွေ ရပ်ဖို့ RSF တောင်းဆို  အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထောက်ပံ့တာတွေ ရပ်ဖို့ RSF တောင်းဆို Reviewed by THITHTOOLWIN on 23:47 Rating: 5

No comments:

Powered by Blogger.