လွိုင်လင်ရင်ကွဲတောင် အနီး RCSS/SSA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွား


သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အကြမ်းဖက် စစ်ကောင်စီ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဧပြီ (၂၅)ရက် ည ၁၁ ကျော်အချိန်တွင် မိုင်းပွန်မြို့ အသွားလမ်း နှင့် လွိုင်လင်ရင်ကွဲတောင်အနီးရှိ   ပစ်ခတ်မှု ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“မြေပြင်အသေးစိတ် အချက်လက်တော့ မသိရသေးဘူး။  ထိပ်တိုက်တွေ့ပြီး ပစ်ခတ်တာပဲ။ ထိတွေ့မှု ဖြစ်သွားတာပါ။ ”RCSS ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယေနေ့ မြေပြင် အခြေအနေ  RCSS/SSA  နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယမန်နေ့ ည (၁၁) နာရီ ထိတွေ့မှု ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့နယ်ရှိ ဟိုပုံးလမ်း (၇) မိုင်တွင် စစ်ကားများ တပ်ရင်း အများအပြား တပ်စွဲထားကြောင်းလည်း အဝေးပြေး ကားဆရာ တစ်ဦး ထံမှ စုံစမ်းသိရှိရသည်။

“ ဒီမနက်မှာ ဟိုပုံလမ်း (၇)မိုင်မှာ စစ်သားတွေရော စစ်ကားတွေရောအများကြီး ပဲတပ်စွဲထားတယ်။ လမ်းသွားလမ်းလာလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်” ဟု ကားသမားတဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင်လည်း သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းတွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်း တွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်း နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲအတွင်း တို့တွင် အကြမ်းဖက်စစ်ကောင်စီ နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဧပြီ (၂၁) ရက်တွင် မြန်မာ-ထိုင်း နယ်စပ် ချင်းမိုင်ခရိုင် Wiang Haeng မြို့နယ်အနီးရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ကင်းစခန်းတစ်ခုကို အကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီး (၅) လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

လွိုင်လင်ရင်ကွဲတောင် အနီး RCSS/SSA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွား လွိုင်လင်ရင်ကွဲတောင် အနီး RCSS/SSA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:28 Rating: 5

No comments:

Powered by Blogger.