ချင်းမိုင်ခရိုင် ဝိန်းဟိန်မြို့ အနီးရှိ RCSS/SSA တပ်စခန်းဆီကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ထပ်ပစ်


ဧပြီ ၂၂ရက် ၂၀၂၁

မြန်မာ-ထိုင်း နယ်စပ် ချင်းမိုင်ခရိုင် Wiang Haeng မြို့နယ် အနီးရှိ  ရှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ကင်းစခန်းတခုကို အကြမ်းဖက် စစ်ကောင်စီ မှ  လက်နက်ကြီး( ၅) လုံးပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန့်နေ့ ( ဧပြီ ၂၁) ရက်  ည (၁၀) နာရီခွဲဝန်းကျင်တွင်  မြန်မာ-ထိုင်းနယ်စပ် (Wiang Haeng မြို့နယ်) မျဉ်း နှင့် ၄ မိုင် ခန့် အကွာ ပန်မိုင်ဆုန် ရွာဟောင်း တောင်ဘက်ကနေ RCSS/SSA ရဲ့ အမှတ် (၁) လွိုင်လမ်လုံ ကင်းစခန်း ဘက်အား အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီး (၅)လုံးဖြင့် ပစ်ခတ်လာခဲ့ကြောင်း နယ်စပ်တွင်နေထိုင်သည့် ဒေသခံ တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ ည က လက်နက်ကြီး  (၅) လုံးပစ်ခဲ့တယ်။ ဒါပေမယ့် တလုံးဘဲပေါက်ကွဲတယ်။ အဲနေရာက ဘယ်သူမှ မနေတော့ ဘူး။ ဟိုအရင်ကတော့နေတယ်။ 81 mm.နဲ့ပစ်လာခဲ့တာ” ဟု နယ်စပ်ဒေသတွင် နေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။

လက်နက်ကြီး ကျသည့်နေသည့် RCSS/SSA တပ်စခန်း မနေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ထိုနေရာအနီးတွင်  မြန်မာ-ထိုင်းနယ်စပ် မျဉ်းပေါ်တွင် တည်ရှိသည့် Wiang Haeng မြို့နယ် လူသိများသည့် Wat Fah Wiang Inn ဘုန်းကြီးကျောင်း နှင့် ၂မိုင်သာ ကွာဝေးသည်။

ဧပြီ ၁၈ရက်မှ စတင်ကာ ဧပြီ ၂၁ရက် ည (၁၀)နာရီခွဲဝန်းကျင်ထိ အကြမ်းဖက် စစ်ကောင်စီ မှ RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်း ၊ လွိုင်ဆမ်ဆစ်၊ လွိုင်လမ် နှင့် လွိုင်ကော်ဝမ်း တပ်စခန်းရှိရာဘက်ကို လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့သည်။

နယ်စပ်မျဉ်း တလျောက်  RCSS/SSA တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီ မှ တိုက်ခိုက်လာမည်ဆိုသည့် သတင်းကြောင် ဧပြီ (၃)ရက်မှစတင်ကာ ချင်းမိုင်ခရိုင် Wiang Haeng မြို့နယ် မြန်မာ-ထိုင်းနယ်နမိတ်မျဉ်းပေါ်တွင် တည်ရှိသည့် Wat Fah Wiang Inn ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ဦးဇင်းများ၊ ကိုရင်များက  ဗုံးခိုကျင်းများတူကာ ပြင်ဆင်ထားကြကြောင်းသိရသည်။ 


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ချင်းမိုင်ခရိုင် ဝိန်းဟိန်မြို့ အနီးရှိ RCSS/SSA တပ်စခန်းဆီကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ထပ်ပစ် ချင်းမိုင်ခရိုင် ဝိန်းဟိန်မြို့ အနီးရှိ RCSS/SSA တပ်စခန်းဆီကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ထပ်ပစ် Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.