မြဝတီမြို့တွင် PSI စလောင်းများကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံသိမ်းဆည်း



ဧပြီလ ၈ ရက်၊၂၀၂၁ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ (ဧပြီလ ၈ ရက်) နံနက်ပိုင်းက စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့မှ အရောင်းဆိုင်တစ်ချို့ရှိ PSI ဂြိုလ်တု စလောင်းများကို လိုက်လံသိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါသိမ်းဆည်းမှုတွင် မျက်မြင်တွေ့ရှိခဲ့သူ မြဝတီ မြို့ခံတစ်ဦးက “ဒီနေ့ မနက် ရဲစခန်းကို သွားစဉ် PSI စလောင်းတွေ ပုံထားတာတွေ့ရလို့ မေးကြည့်တာ ဒီစလောင်းတွေက အရောင်းဆိုင်တစ်ချို့က သိမ်းဆည်းခဲ့တာလို့ ပြောတယ်။”ဟု ပြောသည်။ 

၎င်း PSI ဂြိုလ်တုစလောင်းများကို ယနေ့ ဧပြီလ ၈ ရက်နေ့တွင် မွန်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် နိုင်ငံတဝှမ်း စစ်ကောင်စီမှ လိုက်လံသိမ်းဆည်းမှုများ ရှိနေသည်ဟု သိရှိရသည်။ 

ထိုသို့ PSI စလောင်းများလိုက်လံသိမ်းဆည်းခြင်း နှင့်ပတ်သက်၍ မြဝတီမြို့ခံတစ်ဦးက “ဒီ PSI စလောင်းကနေ Mizzima Channel ရုပ်သံလိုင်းတွေ DVB က သတင်းတွေကို ကြည့်ခွင့်ရတာ။ အခုလို သိမ်းလိုက်ခြင်းအားဖြင့် ပြည်သူတွေအနေနဲ့ ဒါတွေကို ကြည့်ခွင့်၊ သိခွင့်မရအောင် သတင်းအမှောင်ချတဲ့ သဘောလို့ ယူဆမိတယ်”ဟု မှတ်ချက်ပြုသည်။ 

ထို့အပြင်  ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည့် အနုပညာရှင်များ၏ ရုပ်သံဇာတ်လမ်းနှင့် အခြားမည်သည့် လှုပ်ရှားမှုမျိုးကိုမျှ ထုတ်လွှင့်ပြသခြင်းမပြုရန် Skynet ရုပ်သံလိုင်းကုမ္ပဏီသို့ စစ်ကောင်စီမှ ပြီးခဲ့သည့် ရက်ပိုင်းက အကြောင်းကြားစာ ပေးပို့ထားမှုနှင့် ဆက်စပ်နိုင်ကြောင်းလည်း မြို့နယ် ပြည်သူများက သုံးသပ်ပြောဆိုနေကြသည်။ 


Karen Information Center -KIC

https://www.facebook.com/KICNewsPage

မြဝတီမြို့တွင် PSI စလောင်းများကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံသိမ်းဆည်း မြဝတီမြို့တွင် PSI စလောင်းများကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံသိမ်းဆည်း Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.