ဘုံသဘောတူညီချက်တွေကို အမြန်အကောင်အထည်ဖော်ဖို့ အာဆီယံကို PPST တိုက်တွန်း

မြန်မ့ာအရေးဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေတွေ့ဆုံပြီး ရရှိခဲ့တဲ့ဘုံသဘောတူညီချက်တွေကို ကြိုဆိုပြီး အဲဒီသဘောတူညီချက်တွေကို အချိန်အပိုင်းအခြားတိတိကျကျနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အာဆီယံကို တိုက်တွန်းတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်တွင်းကိုလာပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးနဲ့တွေ့ဆုံရေး အပါအဝင် ဘုံသဘာတူညီချက်တွေကို အကောင်အထည်ဖော်လုပ်ဆောင်တဲ့အခါ တိုင်းရင်းသားနက်လက်ကိုင်အဖွဲ့ (EAO) တွေနဲ့ အာဆီယံနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့လည်း သူက ပြောပါတယ်။

ဒီကနေ့ ဧပြိလ ၂၆ ရက်ကနေ ၂ ရက်တာ ကျင်းပမယ့် ၁၅ ကြိမ်မြောက် PPST အစည်းအမိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးယွက်စစ်က အခုလို ပြောလိုက်တာဖြစ်ပြီး လက်တလော နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးနဲ့ ရှေ့လုပ်ငန်းစဥ်တွေကို ဆွေးနွေးဖို့ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့ပြင် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နှိမ်နင်းမှုတွေကြားက နွေဦးတော်လှန်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ငြိမ်းချမ်းစွာ ၃ လနီးပါး အဆက်မပြတ် ဆင်နွှဲနေတဲ့ အလွှာအသီးသီးက လူထုကို ဂုဏ်ပြုသလို ထောက်ခံအားပေးကူညီပံ့ပိုးဝန်းရံတာတွေ ဆက်လုပ်သွားမယ်လို့ သူကပြောပါတယ်။

တဆက်တည်းမှာပဲ ဒီကာလအတွင်း အပြစ်မဲ့ပြည်သူ ၇၀၀ ကျော် သေဆုံးခဲ့ရတာတွေအတွက် စစ်ကောင်စီခေါင်းဆောင်တွေဟာ တဝန်ယူ တာဝန်ခံရမှာဖြစ်တယ်လို့လည်း သူကပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ဘုံသဘောတူညီချက်တွေကို အမြန်အကောင်အထည်ဖော်ဖို့ အာဆီယံကို PPST တိုက်တွန်း ဘုံသဘောတူညီချက်တွေကို အမြန်အကောင်အထည်ဖော်ဖို့ အာဆီယံကို PPST တိုက်တွန်း Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.