တောင်ကိုရီးယားက POSCO ကုမ္ပဏီကြီး အာဏာသိမ်းစစ်ကောင်စီနှင့် အဆက်ဖြတ်ဖို့ပြင်ဆင်




(၅-၄-၂၀၂၁)

တောင်ကိုရီးယားက ထိပ်တန်း စတီးလ် ကုမ္ပဏီကြီးဖြစ်တဲ့ POSCO ဟာ အာဏာသိမ်းစစ် ကောင်စီပိုင် ဦးပိုင်ကုမ္ပဏီ (MEHL)နဲ့ ဘယ်လိုအဆက်ဖြတ်နိုင်မလဲဆိုတာကို သုံးသပ် ဆွေးနွေးနေတယ်လို့ ကုမ္ပဏီကြီးနဲ့ နီးစပ်သူတွေကပြောပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း နေ့စဉ်အကြမ်းဖက်မှုတွေပြုလုပ်နေတဲ့ စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသူ ၆၀၀ နီးပါးကို သတ်ဖြတ်ပြီးတဲ့နောက် စစ်တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့ နိုင်ငံတကာက ဖိအားပေးလာနေတဲ့ အတွက် အခုလို ပြန်သုံးသပ်မှုတွေ ထွက်ပေါ်လာတာပါ။

POSCO C&C ကုမ္ပဏီကြီးအောက်မှာရှိတဲ့ POSCO ဟာ ဦးပိုင်ကုပဏီနဲ့ ဖက်စပ် ဆောင်ရွက်ထားတဲ့ စီမံကိန်းထဲက ရှယ်ယာ ၇၀% ကို ပြန်ရောင်းမလားဆိုပြီး စဉ်းစားနေတယ်လို့ အဲဒီပုဂ္ဂိုလ်တွေကပြောပါတယ်။

သြစတြေလျက Woodside Petroleum နဲ့ ဂျပန်က Kirin ဘီယာ ကုပဏီကြီးတွေ စစ်တပ်ပိုင် ဦးပိုင်ကုပဏီနဲ့ အဆက်ဖြတ်ပြီးတဲ့နောက် တောင်ကိုရီးယားဖက်ကလည်း အခုလို စဉ်းစားလာနေတာဖြစ်ပါတယ်။

ဦးပိုင်ကုပဏီ (MEHL) ဟာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MIC) နဲ့အတူ ပြီးခဲ့တဲ့သီတင်းအတွင်းကမှ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ နာမည်ပျက်စာရင်းသွင်း အရေးယူခံထားရတဲ့ ကုပဏီဖြစ်ပါတယ်။

POSCO ကုပဏီဟာ မြန်မာနိုင်ငံရှိလုပ်ငန်းကနေ မနှစ်က အမေရိကန်ဒေါ်လာ ၁.၇၇ သန်း အကျိုးအမြတ်ရခဲ့ပါတယ်။ ဒီကုပဏီဟာ မြန်မာအစိုးရပိုင် ရေနံလုပ်ငန်း (MOGE) နဲ့ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။

ပြင်သစ်ပိုင် Total နဲ့ အမေရိကန်ပိုင် Chevron ရေနံကုပဏီကြီးတွေဟာလည်း (MOGE) နဲ့ပဲ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်နေတဲ့ ဒီကုပဏီကြီးတွေကို မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆက်တိုက်ဖိအားပေးနေတာဖြစ်ပါတယ်။

တောင်ကိုရီးယားက People’s Solidarity for Participatory Democracy အဖွဲ့ဟာလည်း ဒီလိုဖိအားပေးတဲ့အဖွဲ့မှာပါဝင်ပြီး ဒီကုပဏီမှာ ရှယ်ယာအများစု ထည့်ဝင်ထားတဲ့ ကိုရီးယား ပင်စင်ဖန်း the National Pension Service (NPS) ကို ရှယ်ယာတွေ ပြန်ထုတ်ဖို့အထိ ဖိအားပေးနေတာ ဖြစ်ပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

တောင်ကိုရီးယားက POSCO ကုမ္ပဏီကြီး အာဏာသိမ်းစစ်ကောင်စီနှင့် အဆက်ဖြတ်ဖို့ပြင်ဆင် တောင်ကိုရီးယားက POSCO ကုမ္ပဏီကြီး အာဏာသိမ်းစစ်ကောင်စီနှင့် အဆက်ဖြတ်ဖို့ပြင်ဆင် Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.