အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်ချက် အားတက်ရတယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာ ထုတ်ပြန်

ေဒါက္တာဆာဆာ။

မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက် နှိမ်နင်းနေတာ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေ အားလုံး သဘောတူညီခဲ့ကြတယ်ဆိုတဲ့ သတင်းအပေါ် အားတက်ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဆာဆာက ဒီကနေ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုနေတာ ဖြစ်တယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာလုပ်တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကနေ လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အတိုင်း အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ဆက်သွယ်လုပ်ဆောင်မှုကို စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်လို့ ဒေါက်တာဆာဆာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အခိုင်အမာ တောင်းဆိုခဲ့တာကိုလည်း ဒေါက်တာဆာဆာက ကျေးဇူးတင်စကား ပြောထားပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ရေး အခိုင်အမာ လုပ်ဆောင်မှုနဲ့ မြန်မာလူထုနဲ့ ဒေသတွင်းအတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ပြန်လည်ထူထောင်ရေး မျှော်လင့်နေပါတယ်လို့ ဒေါက်တာဆာဆာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/dr-sasa-statement/5865445.html

အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်ချက် အားတက်ရတယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာ ထုတ်ပြန် အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်ချက် အားတက်ရတယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာ ထုတ်ပြန် Reviewed by THITHTOOLWIN on 21:53 Rating: 5

No comments:

Powered by Blogger.