အမေရိကန် ဆန်ဖရန်စစ္စကိုမှာ မြန်မာ့အရေး Milk Tea Alliance နဲ့ ပထမဆုံးအကြိမ် ပူးပေါင်းဆန္ဒပြမယ်


ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာ့အရေး ဆန္ဒပြမှု


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်က ဆန်ဖရန်စစ္စကို မြို့မှာ စနေနေ့ ဧပြီ ၂၄ ရက်မှာ မြန်မာ့အရေးအတွက် ချီတက် ဆန္ဒပြကြဖို့ စီစဥ်ထားကြပါတယ်။

နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ အမေရိကန်ရောက် မြန်မာတွေထဲက တိုင်းရင်းသား လူမျိုး ပေါင်းစု ပါဝင်ချီတက်ကြမှာ ဖြစ်ပါတယ်။ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ချစ်ခင်စည်းလုံးညီညွတ်ကြတယ်ဆိုတာ ပြသမှာမို့ တိုင်းရင်းသားဝတ်စုံများ တိုင်းရင်းသားကိုယ်စားပြု အလံများကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ အမေရိကန် ရောက် မြန်မာတွေသာ မကဘဲ Milk Tea Alliance activity အဖြစ် မြန်မာ၊ ဟောင်ကောင်၊ တိုင်ဝမ် နှင့် ထိုင်းနိုင်ငံသားတို့ စုပေါင်းပြီး အာဏာရှင် အမြစ်ဖြုတ်ချေမှုန်းပစ်ရေး နဲ့ လွတ်မြောက်ရေးအတွက် ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲကို Free Burma Action Committee (FBAC)၊ Northern California Hong Kong Club၊ San Francisco Hong Kongers၊ Thai Rights Now နဲ့ Taiwanese American Federation of Northern California.သူတို့က ဒေသတွင်းနိုင်ငံပေါင်းစုံ စည်းလုံးကြောင်းပြသမယ့် ပွဲလို့ ဆိုပါတယ်။ ဆန်ဖရန်စစ္စကို မြို့မှာ ဒီလို မြန်မာအပြင် Milk Tea Alliance ဝင် နိုင်ငံတွေကပါ ပါဝင် ပူးပေါင်း ဆန္ဒပြကြတာ ဒါပထမဆုံး အကြိမ်ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

အမေရိကန် ဆန်ဖရန်စစ္စကိုမှာ မြန်မာ့အရေး Milk Tea Alliance နဲ့ ပထမဆုံးအကြိမ် ပူးပေါင်းဆန္ဒပြမယ် အမေရိကန် ဆန်ဖရန်စစ္စကိုမှာ မြန်မာ့အရေး Milk Tea Alliance နဲ့ ပထမဆုံးအကြိမ် ပူးပေါင်းဆန္ဒပြမယ် Reviewed by THITHTOOLWIN on 06:41 Rating: 5

No comments:

Powered by Blogger.