KNUကိုသတင်းပေးတယ်ဆိုပြီး ကျိုက္ကော်က ထမင်းဆိုင်ပိုင်ရှင်ဖမ်းဆီးခံရ


ရန်ကုန်၊ဧပြီ ၂၈၊၂၀၂၁

KNUနဲ့စစ်တပ် လက်ရှိဖြစ်နေသောတိုက်ပွဲတွေမှာ စစ်တပ်ဘက်က ကျဆုံးမှုများနေလို့ သထုံမြို့နယ်၊ ကျိုက္ကော်မှ အကောင်းကြိုက်ထမင်းဆိုင်ပိုင်ရှင်ကို KNUသတင်းပေးဟု စွပ်စွဲကာ ဒီကနေ့နေ့လယ်ပိုင်းက စစ်တပ်ကနေ လာရောက်ဖမ်းဆီးခဲ့​တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

"  ၂၃ ရက်နေ့က  KNU က စစ်တပ်ကို ပစ်ခတ်တဲ့ ဖြစ်စဉ်မှာ ကျဆုံးမှုတွေရှိလို့ အကောင်းကြိုက်ဆိုင်ပိုင်ရှင်က KNU ကို သတင်းပေးလို့ဆိုပြီး မတရားစွပ်စွဲပြီး ညနေ ၃နာရီက လာဖမ်းသွားတာ၊  စစ်ကားနှစ်စီးနဲ့ သထုံခရိုင်ရုံးက စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး လာဖမ်းခဲ့တာဖြစ်တယ်"လို့ ဒေသခံတစ်ဦးက VOMကို ပြောပါတယ်။

သထုံမြို့နယ်၊ ကျိုက္ကော် က ဆန္ဒပြပွဲတွေမှာ ပစ်ခတ်မှုတွေပြုလုပ်မှာစိုးလို့ ကရင်အမျိုးသားအစည်းအရုံး KNUက ဝန်းရံပေးခဲ့ရာကနေ စစ်တပ်နဲ့တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။


အေးချမ်းသူ(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

KNUကိုသတင်းပေးတယ်ဆိုပြီး ကျိုက္ကော်က ထမင်းဆိုင်ပိုင်ရှင်ဖမ်းဆီးခံရ KNUကိုသတင်းပေးတယ်ဆိုပြီး ကျိုက္ကော်က ထမင်းဆိုင်ပိုင်ရှင်ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 05:36 Rating: 5

No comments:

Powered by Blogger.