ဖာပွန်ခရိုင်အတွင်း KNU နဲ့ မြန်မာစစ်တပ် တိုက်ပွဲများရှိနေဆဲ


ကရင်ပြည်နယ်ညောင်လေးပင်ခရိုင်နဲ့ ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီရဲတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံးကတပ်တွေ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ မနေ့တုန်းကတော့ မြန်မာစစ်တပ်ဘက်ကလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ကျောက်ကြီးမြိုနယ်ထဲမှာအရပ်သား ၆ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရခဲ့တဲ့ သတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက ပြောပြပေးမှာပါ။

ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲမှာတော့ ကေအန်ယူတပ်မဟာ ၃ က တပ်ဖွဲဝင်တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ မနေ့တုန်းကတော့ အဲဒီဒေသဘက်ကိုလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူတွေကြောင့်ကျေးရွာသား ၆ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ကရင်လူအခွင့်ရေးအဖွဲ ကပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလိုပြောပြပါတယ်။

"ကျနော်တို့ညောင်လေးပင်ခရိုင် ကျောက်ကြီးမြိုနယ်ထဲမှာဖြစ်နေတုန်းပဲပေါ့ ။ ရွာသား ၆ယောက် သေသွားတယ်လို့ သိရတယ်။ အဲဒီမှာ လေကြောင်းနဲ့တိုက်ခိုက်တာ အရပ်သား ၆ယောက်သေသွားတယ်"

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာတော့ မြို့ထဲမှ ာမနေ့ညက မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ပါပစ်လို့ မြို့ခံတွေ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ ကေအန်ယူတပ်စခန်းတွေရှိရာကို စစ်တပ်ဘက်က တပ်အင်အားတွေ အလုံးအရင်းနဲ့ တက်လာတာကိုတွေ့မြင်ရကြောင် းဖာပွန်မြိုခံတဦးက ပြောပြပါတယ်။

"အခုလည်း ကမမောင်း-ဖာပွန်တက်တဲ့လမ်းအခြမ်းမှာ တပ်မ ၄၄ တက်လာတယ်။ သူတို့တက်လာချိန် ကေအန်ယူက အဲဒီလမ်းတွေကို သစ်ပင်တွေလှှဲပြီး တက်လာလို့မရအောင် လုပ်ထားတယ်။ အဲဒီဘက်မှာ တပ်မတွေအများကြီးတက်လာတယ်"

"ဖာပွန်ခရိုင်ထဲကိုမတ်လ ၂၇ ရက်နေ့နဲ့ ၂၈ရက်နေ့တွေမှာ လေယာဉ်တွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာသား တသောင်းထက်မနည်းဟာ ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်တွေအဖြစ် တောတောင်တွေထဲ လိုက်လံပုန်းအောင်းနေထိုင်ရသလို ဒီနေ့မှာလည်း လေကြောင်းကနေ တိုက်ခိုက်မူတွေရှိကြောင်း ရွာသားတွေက သတင်းပေးလာတယ်လို့ ကရင်လူအခွင့်ရေးအဖွဲ ကပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကပြောပြပါတယ်"

"ရွာသားတွေကတင်ပြတယ်၊ သူတို့နေရာမှာ လေယာဉ် နဲ့ သူတို့နေရာကို ၁၀နာရီ ၅၇လောက်မှာလာပစ်တယ်လို့ပြောတယ်။ အဲဒါကြောင့် ရွာသားတွေ၊ ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ ရောဂါဝေဒနာသည်တွေ တောထဲမှ ာထွက်ပြေးနေရတယ်။ ၂၇ ရက်နေ့ကတည်းက သူတို့လာပစ်ပြီးကတည်းက ရွာသားတွေက အစားအစာလည်းပြတ်တောက်နေတယ်။ ထမင်းမစားရတာလည်း ၂ရက် ၃ရက်လောက်ရှိနေပြီပေါ့"

မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာပဲ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ကျေးရွာတွေကို လက်နက်ကြီးများနဲ့ ပစ်ခတ်မူတွေ ရှိနေပြီး မတ်လ ၂၇ ရက်နေ့ကတော့ ကေအန်ယူဘက်ကလည်း မြန်မာစစ်တပ်ရဲ့ သီးမူထာ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။

ဒါ့အပြင် ကေအန်ယူထိမ်းချုပ်ဒေသတွင်း မြန်မာစစ်တပ်ဘက်က တပ်အင်အားမတိုးချဲနိုင်အောင် ရိက္ခာလမ်းကြောင်းတွေကိုပါ ပိတ်ဆို့မူတွေ လုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖာပွန်ခရိုင်အတွင်းက ကရင်ကျေးရွာတွေကို ညဘက်တွေမှာ၂ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေဖြစ်ခဲ့တာမှာ ကရင်ရွာသား ၃ဦးသေဆုံးပြီး အရပ်သား ၇ဦးဟာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့တာကြောင့် ထိုင်းဘက်က ဆေးရုံတွေကိုပို့ပြီး ကုသမူ့ခံယူနေရပါတယ်။

မြန်မာအစိုးရနဲ့ ကေအန်ယူတို့ဟာ၂၀၁၂ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်မှာ တော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေး သဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ ပါတယ်။ ဒါပေမဲ့ ကောအန်ယူတပ်မဟာ ၅နယ်မြေမှာတော့ မြန်မာစစ်တပ်နဲ့ ကေအန်ယူတို့ဟာ NCA ထိုးခဲ့ပြီးနောက်ပိုင်းမှာ ထိတွေ ပစ်ခတ်မူတွေ မကြာခနဆိုသလို ဖြစ်ပွားခဲ့ပါတယ်ရှင်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/knu-burmese-army-battle-in-karen/5835589.html

ဖာပွန်ခရိုင်အတွင်း KNU နဲ့ မြန်မာစစ်တပ် တိုက်ပွဲများရှိနေဆဲ ဖာပွန်ခရိုင်အတွင်း KNU နဲ့ မြန်မာစစ်တပ် တိုက်ပွဲများရှိနေဆဲ Reviewed by THITHTOOLWIN on 00:44 Rating: 5

No comments:

Powered by Blogger.