KIO/KIA မှ ဗိုလ်လောင်းသင်တန်းများခေါ်ယူ



Share/Bookmark




ဧပြီ- ၉ 

ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA မှ ဗိုလ်လောင်းသင်တန်း‌များ ဆက်လက်သင်ကြားနိုင်ရန် ခေါ်ယူနေကြောင်းသိရသည်။ 

ဗိုလ်လောင်းသင်တန်း တက်ရောက်လိုများသည် အမှတ်စဉ် (၃) ခုအနက် မိမိတက်ရောက်လိုသည့်  အမှတ်စဉ်တွင် တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး ထိုအမှတ်စဉ်များသည် အမှတ်စဉ် (၁၁)၊ အမှတ်စဉ် (၆)နှင့် အမှတ်စဉ် (၅) တို့ဖြစ်ကြောင်း KIO ဗဟိုဌာနချုပ်မှ ဧပြီလ( ၆ )ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။ 

အမှတ်စဉ် (၁၁)တွင် ဗိုလ်လောင်းသင်တန်း၊ အမှတ်စဉ် (၆) တွင် ဗိုလ်သင်တန်း၊ အမှတ်စဉ် (၅) တွင်အမျိုးသမီးဗိုလ်သင်တန်းများဖြစ်သည်။ 

ဗိုလ်သင်တန်းတက်ရောက်သူများရှိရမည့် အရည်အချင်းများသည် (၁၀) တန်းအောင်လက်မှတ်၊ လူပျိုဖြစ်ရမည်၊ အရပ် (၅) ပေ (၂) လက်မအနည်းဆုံးရှိရမည်၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊ မျက်မှန်တပ်ဆင်သူမဖြစ်ရ၊ တိုက်ပွဲတွင် ၀င်ရောက်တိုက်ခိုက်နိုင်သူဖြစ်ရမည်၊ မူးယစ်‌ ဆေးဝါးကင်းသူဖြစ်ရမည် စသည်တို့ ဖြစ်ကြောင်းလည်း သိရသည်။ 

အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး တပ်မဟာ၊ တပ်ရင်းများက အရာရှိများက လူငယ်များနှင့် ပူးပေါင်း ချိတ်ဆက်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ