ဖားကန့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း ၂ ခုကို KIA သိမ်းပိုက်



Share/Bookmark

April 19, 2021/ Kachin News Group

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကန်ဆီး (Ginsi Mare) ကျေးရွာအနီးတဝိုက်တွင် ဧပြီလ ၁၈ရက်နေ့ ညနေပိုင်း ၅နာရီနာအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ အာဏာသိမ်းစစ်တပ်၏ တပ် စခန်း ၂ခုကို သိမ်းယူနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

ကန်ဆီး (Ginsi) ကျေးရွာ၏ အရှေ့ဘက် ၈ မိုင်ခန့် နမ့်ဂျန့် (Nam Jan) ကျေးရွာတွင် တည်ရှိသည့် အာဏာသိမ်းတပ်စခန်းတစ်ခုနှင့် ကန်ဆီးကျေးရွာမှ  ၃မိုင်ခန့်ကွာဝေးသော ဂိုင်ဒါးဘွမ့် (Gai Da Bum)၊ တန်းဂေါ်ဘွမ့် (Tang Gau Bum)ရှိ တပ်စခန်း ၂ခုကို သိမ်းယူခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

"တိုက်ပွဲဖြစ်တာက မနေ့ည ၅နာရီလောက်ကနေ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ စပြီးကြားရတယ်။ တစ်ညလုံးတိုက်ပွဲ ဖြစ်နေတာ။ နားရင်လည်း ၁နာရီလောက်ဘဲ ပြန်တိုက်နေကြတယ်။ အခုက စစ်တပ်တွေရဲ့ တပ်စခန်း ၂ခုကို သိမ်းယူပြီး နောက်တစ်နေရာမှာပြန်တိုက်နေတယ်"ဟု ပြောဆိုသည်။

လက်ရှိတွင် ဂိုင်ဒါးဘွမ့်နှင့် တန်ဂေါ်ဘွမ့်တောင် ကတ်သလစ်ဆုတောင်းကုန်းအနီးနှင့် ကန်ဆီးဟော (Ginsi Hall) ကျေးရွာတွင်ရှိသော အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများပြန်လည် သိမ်းယူရန် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် ဖားကန့် စစ်တပ်ကုန်း၊ ကန်းဆီးဗျူဟာကုန်းနှင့် ဖားကန့်ဆန်ခါအထက်ရှိ စစ်တပ်ကုန်း ၃နေရာခန့်မှ KIA ရှိသည့်ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်းသိရသည်။


Kachin News Group

https://www.facebook.com/theKachinNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ