ကူညီကယ်ဆယ်ရေးလုပ်သားတွေ အဟန့်အတားမရှိ ကူညီခွင့်ပြုဖို့ IFRC တောင်းဆို



Share/Bookmark
ဆန္ဒပြစဉ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတဦး ကြက်ခြေနီအဖွဲ့က ကုသနေစဉ် (ဓါတ်ပုံ IFRC website)

မြန်မာစစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်နှိမ်နှင်းမှုကြောင့် သေဆုံးဒဏ်ရာရသူတွေ တိုးလာနေတာနဲ့အမ ျှ သူတို့ကို ပြုစုကုသပေးဖို့ကြိုးစားတဲ့ ရှေ့တန်းက မြန်မာကြက်ခြေနီအဖွဲ့ဝင်တွေလည်း ခြိမ်းချောက်ခံရတာတွေ၊ အဖမ်းအဆီးခံရတာတွေ ရှိနေတယ်လို့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ (IFRC) က ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ၂ လအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကြပ်တည်းတွေတိုးလာနေတဲ့အတွက် အလွန်စိုးရိမ်ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့က ကြာသပတေးနေ့မှာ ကြေငြာချက်ထုတ်ပြန်ပါတယ်။

ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက နေ့စဉ် အကြမ်းဖက်နှိမ်နှင်းနေတာကြောင့် လက်ရှိချိန်ထိ ပြည်သူ ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးပါပြီ။ လူပေါင်း၂,၀၀၀ ကျော်ကို ကြက်ခြေနီအဖွဲ့က ပြုစုကုသပေးခဲ့တယ်လို့လည်း ကြေငြာချက်မှာပြောထားပါတယ်။

မြန်မာကြက်ခြေနီအဖွဲ့က ဆေးမှူးတွေ မှားယွင်းဖမ်းဆီးခံရတာ၊ ခြိမ်းချောက်ခံရတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေပြီး အဖွဲ့ပိုင် လူနာတင်ယာဉ်တွေ ဖျက်ဆီးခံရတာလည်းရှိတယ်လို့ IFRC ရဲ့အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Alexander Matheou ကပြောပါတယ်။ ဒီလုပ်ရပ်တွေကို လက်ခံနိုင်စရာမရှိဘူးလို့လည်း ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို ဘယ်တော့မှ ပစ်မှတ်မထားဘဲ အကူအညီလိုအပ်နေတဲ့သူတွေဆီ အဟန့်အတားမရှိ သွားရောက်ခွင့်ပြုသင့်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ကြက်ခြေနီအဖွဲ့ဝင်တွေကို တိုက်ခိုက်တာ ဘယ်အဖွဲ့ရဲ့ လက်ချက်လည်းဆိုတာကိုတော့ ကြေငြာချက်မှာ ဖော်ပြမထားသလို ဒီကိစ္စနဲ့ပတ်သက်လို့ အဖွဲ့ပြောခွင့်ရသူက မှတ်ချက်ပေးဖို့လည်း ငြင်းဆိုထားပါတယ်။

လူမှုကွန်ယက်ပေါ်က ဗီဒီယို အနည်းဆုံး တစ်ခုထဲမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဆေးမှူးတွေကို အနိုင်ကျင့်တာ၊ လူနာတင်ယာဉ်ကို သေနတ်နဲ့ ပစ်တာ စတဲ့ ဖြစ်ရပ်တွေကိုတွေ့ရပါတယ်။ အဲဒီဗီဒီယိုပါဖြစ်ရပ်တွေကို သီးခြားလွတ်လပ်စွာ အတည်မပြုနိုင်သေးဘူးလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။


VOA Burmese

https://burmese.voanews.com/a/5836597.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ