ကရင် IDP တွေအတွက် ရိက္ခာ၊ ဆေးဝါး သယ်ခွင့် ထိုင်းဖက်က ခွင့်ပြုပြီ






(၅-၄-၂၀၂၁)

အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်လို့ ထိုင်းနယ်စပ်ကို ထွက်ပြေးလာတဲ့ ကရင်ဒုက္ခသည်တွေအတွက် ရိက္ခာနဲ့ ဆေးဝါ သယ်ယူခွင့်ကို ထိုင်းအာဏာပိုင်တွေက ဒီနေ့ ခွင့်ပြုချက်ပေးလိုက်ပါတယ်။

ဒါကြောင့် ရိက္ခာခြောက်နဲ့ ဆေးဝါးတွေ တင်ထားတဲ့ စက်လှေငယ် ၅ စီးဟာ ဒီနေ့မနက်ပိုင်းက ထိုင်းနယ်စပ်ရွာ Mae Sam Laep (မြန်မာအခေါ် စော်လဲထ) ကနေ ထွက်ခွာပြီး သံလွင်မြစ်အတိုင်း အပေါ်ဖက်ကို တက်သွားပြီလို့ ဒေသခံ ကယ်ဆယ်ရေး လုပ်သားတဦးက ပြောပါတယ်။

ဒေသခံ ကရင်လူမှုရေးအသင်းဖြစ်တဲ့ Karen Network Mae Hong Son က Thaweewit Dibuehar က အဲဒီလိုပြောခဲ့တာဖြစ်ပြီး ထိုင်းဖက်ကိုကူးခွင့်မရပဲ မြန်မာဖက်က သံလွင်မြစ်ဘေးတလျောက်က ကျောက်ဆောင်တွေကြားမှာ ဖြစ်သလိုခိုလှုံနေရတဲ့ ကရင် IDP တွေကို ဒီပစ္စည်းတွေ ပေးအပ်မှာဖြစ်ပါတယ်။

ဒီလို ပို့ခွင့်ရဖို့ သီတင်းတပတ်နီးပါး ညှိနှိုင်းခဲ့ရတာဖြစ်ပြီး ဒီနေ့မှ ထိုင်းအာဏာပိုင်တွေက ခွင့်ပြုချက်ပေးလိုက်တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် (တပ်မတော်နေ့) က အာဏာသိမ်းအကြမ်းဖက်တပ်က လေယာဉ်တွေနဲ့ ကရင်ကျေးရွာတွေကိုဗုံးကျဲတိုက်ခိုက်လို့ ကရင်ရွာသား ၂,၀၀၀ ကျော် ထိုင်းနယ်စပ်ကို ထွက်ပြေးလာပါတယ်။ 

အဲဒီထဲက ဒဏ်ရာရထားသူတွေကို ထိုင်းဖက်က ဆေးဝါးကုသမှုပေးခဲ့ပေမယ့် အများစုကိုတော့ မြန်မာဖက် ပြန်ပို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ထိုင်းအာဏာပိုင်တွေ ဖက်ကတော့ အတင်းအကျပ်ပြန်ပို့တာမဟုတ်ပဲ သူတို့သဘောနဲ့ပြန်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

မယ်ဟောင်ဆောင်ခရိုင် ကရင်ကူညီရေးအဖွဲ့ (Karen Network Mae Hong Son) က Thaweewit တော့ အဲဒီလိုပြန်သွားတဲ့ လူတွေထဲက ထောင်နဲ့ချီတဲ့လူတွေဟာ သံလွင်မြစ်ကမ်းတလျောက်မှာ ရှိနေဆဲလို့ယူဆပါတယ်။ ဒီလူတွေဟာ အိမ်ကိုလည်း မပြန်ရဲ၊ IDF စခန်း အိသုထာ (Ei Tu Hta) ခစန်းကိုလည်း မသွားရဲပဲ တောထဲမှာ ရှိနေဆဲဖြစ်တယ်လို့ ကရင်ကူညီရေးအဖွဲ့ကပြောပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

ကရင် IDP တွေအတွက် ရိက္ခာ၊ ဆေးဝါး သယ်ခွင့် ထိုင်းဖက်က ခွင့်ပြုပြီ ကရင် IDP တွေအတွက် ရိက္ခာ၊ ဆေးဝါး သယ်ခွင့် ထိုင်းဖက်က ခွင့်ပြုပြီ Reviewed by THITHTOOLWIN on 21:14 Rating: 5

No comments:

Powered by Blogger.