နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး ညှိနှိုင်းမှုတွေ ဖြစ်လာဖွယ်မရှိလို့ HRW ပြော

တရုတ်သံရုံးရှေ့မှာ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက ပြုလုပ်တဲ့ ဆန္ဒပြပွဲ

မြန်မာ့အရေးအာဆီယံထိပ်သီးအစည်းဝေးပွဲမှာ မြန်မာနိုင်ငံထဲ စစ်တပ်ရဲ့အကြမ်းဖက်မှု အဆုံးသတ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေက ပန်ကြားခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ မပါသလို ညှိနှိုင်းမှုတွေလည်း ဖြစ်လာဖွယ်မရှိဘူးလို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်တဲ့(HRW)အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးက ပြောလာပါတယ်။

''အဓိက ပြဿနာက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD အဖွဲ့ဝင်တချို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ကိစ္စကို ချန်ထားခဲ့တာပါပဲ။ ဒီလိုလူတွေကို ဆက်ပြီး အကျဉ်းချထားရင် လူထု ကိုယ်စားပြု ကိုယ်စားလှယ် ဘယ်လိုလုပ်သွားဆွေးနွေးကြမှာလဲ''လို့ မစ္စတာရော်ဘင်ဆန်က မေးခွန်းထုတ်လိုက်တာပါ။

ဧပြီလ ၂၄ ရက်နေ့တုန်းကလုပ်ခဲ့တဲ့အာဆီယံအစည်းအဝေးပွဲအပြီးတုန်းကတော့ မြန်မာ့အရေးတွေ့ဆုံဆွေးနွေးကြတဲ့ လုပ်ငန်းစဉ်ပေါ်လာအောင် ကြားဝင်ညှိနှိုင်းပေးမယ့် အထူးသံတမန်ကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရဲ့အကူအညီနဲ့ အလှည့်ကျအာဆီယံဥက္ကဋ္ဌက အထူးသံတမန်ခန့်အပ်ဖို့ ကိစ္စလည်းပါဝင်ပါတယ်။

မစ္စတာရော်ဘင်ဆင်ကတော့ ''တကယ်လို့ အာဆီယံအထူးသံတမန်က မနက်ဖြန်မှာ မြန်မာပြည်သွားတယ်ဆိုပါစို့။ ဘယ်သူနဲ့သွားတွေ့မှာလဲ။ လူထုကိုယ်စားပြုဆွေးနွေးမယ့်သူက ဘယ်သူလဲ။ ဒါမှမဟုတ် နေပြည်တော်က ဗိုလ်ချုပ်တွေနဲ့ပဲ ဆက်ဆွေးနွေးသွားမှာလား''လို့ ထောက်ပြပြောဆိုပါတယ်။

စစ်အာဏာရှင်က နိုင်ငံတကာဖိအားတွေကနေ ရှောင်ရအောင် သူတို့အနေနဲ့ အာဆီယံနဲ့တခုခုလုပ်နေပါတယ်ဆိုတာ အကြောင်းပြမယ့်အခြေအနေကို သူက စိုးရိမ်ကြောင်းနဲ့ စစ်ကောင်စီက အဲဒီလို အချိန်ယူပြီး ဆန္ဒပြသူတွေကို ထပ်မံ ဖြိုခွင်းမှာ စိုးရိမ်ပူပန်မိတယ်လို့လည်း သူက ပြောပါတယ်။

သူတို့အနေနဲ့ စိုးရိမ်တာက ဒီအစည်းအဝေးက ထွက်လာတဲ့ဘုံသဘောတူညီချက်တွေကို လက်တွေ့အကောင်အထည်ဖော်လာမှု ရှိလာပါ့မလား၊ အချိန်နဲ့တပြေးညီလုပ်ဆောင်ပါ့မလားဆိုတာကို ပူပန်မိတယ် လို့ HRW က ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်တဲ့ အဲဒီအစည်းအဝေးပွဲကနေ ဘုံသဘောတူညီချက် ၅ ချက် ထုတ်ပြန်ခဲ့ကြပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေ လုပ်ဖို့၊ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ပေါ်ထွက်လာအောင်ညှိနှိုင်းပေးဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံကို သွားရောက်ဖို့ကိစ္စတွေ ပါဝင်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး ညှိနှိုင်းမှုတွေ ဖြစ်လာဖွယ်မရှိလို့ HRW ပြော  နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး ညှိနှိုင်းမှုတွေ ဖြစ်လာဖွယ်မရှိလို့ HRW ပြော Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.