CRPH အဖွဲ့၀င် တိုးချဲ့ဖွဲ့စည်းရာတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) မှ ဦးလမာနော်အောင်ပါ၀င်လာ


ဧပြီ၊၁၆

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ထပ်တိုးအဖွဲ့ဝင်အဖြစ် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)မှ   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်‌အောင်ပါဝင်လာသည်။ 

၎င်းနှင့်အတူ မကွေးတိုင်းဒေသကြီး NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့် ပန်းဘဲတန်းမြို့နယ် NLD  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်တို့ထပ်တိုးကြောင်း CRPH က ထုတ်ပြန်ကြေညာထားသည်။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ဧပြီလ(၂၀)ရက်‌နေ့တွင်ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၃)ဦးကို ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

ဦးလမာနော်အောင်သည် ၂၀၂၀ အထွေထွေ‌   ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကိုယ်စားပြု၊ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူဖြစ်သည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

CRPH အဖွဲ့၀င် တိုးချဲ့ဖွဲ့စည်းရာတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) မှ ဦးလမာနော်အောင်ပါ၀င်လာ CRPH အဖွဲ့၀င် တိုးချဲ့ဖွဲ့စည်းရာတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) မှ ဦးလမာနော်အောင်ပါ၀င်လာ Reviewed by THITHTOOLWIN on 19:20 Rating: 5

No comments:

Powered by Blogger.