ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) ၏ YouTube Channel ထုတ်လွှင့်


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) ၏ YouTube Channel ထုတ်လွှင့်

၂၉-၀၃-၂၀၂၁

ပြည်သူတစ်ရပ်လုံးက နိုင်ငံအနှံ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးလုပ်ငန်းများကို ကြံ့ကြံ့ခံတော်လှန်လျက်ရှိပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) အနေဖြင့်လည်း ပြည်သူလူထုပေးအပ်သော အခွင့်အာဏာကိုအသုံးပြု၍ ပြည်သူ့အာဏာပြည်သူ့လက်ဝယ်ပြန်လည်ရောက်ရှိရေးကို အစွမ်းကုန် ရသမျှနည်းလမ်းပေါင်းစုံသုံး၍ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်နေမှုများကို ပြည်သူလူထုနှင့် ကမ္ဘာသူကမ္ဘာသားများအားလုံးထံ အစီရင်ခံနိုင်ရေးနှင့် ထိရောက်လျင်မြန်စွာပူးပေါင်းဆောင်ရွက်နိုင်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် CRPH ၏ Youtube Channel ကို ထုတ်လွှင့်ထားပါသည်။

အဆိုပါ Channel မှ CRPH ၏ လုပ်ဆောင်ချက်များဖြစ်သော ‌ကြေညာချက်များ၊ ပြည်သူသို့ အစီရင်ခံတင်ပြချက်များ၊ ဥပဒေပြဌာန်းမှုများ၊ သတင်းဌာနများနှင့် CRPH အဖွဲ့ဝင်များ၏ အင်တာဗျူးများ အစရှိသည်တို့ကို အချိန်နဲ့တပြေးညီတင်ပြပေးထားသည့်အပြင် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်သတ်ဖြတ်မှုများ၊ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများကို ကမ္ဘာအရပ်ရပ်မှ သိရှိရန်ပါ ရည်ရွယ်၍ အတတ်နိုင်ဆုံး စုဆောင်းဖော်ပြပေးထားပါသည်။ ထို့အပြင် စစ်အာဏာရှင်တော်လှန်ရေးအတွင်း ကျဆုံးသွားသော သူရဲကောင်းများ၏ အမှတ်တရ Video အချို့ကိုလည်း လက်လှမ်းမှီသလောက် စုစည်းထားပါသည်။ အဆိုပါ YouTube Channel လိပ်စာမှာ youtube.com/c/crphmyanmar
 ဖြစ်ပါသည်။ CRPH မှ ဗီဒီယို အသစ်တင်တိုင်း သိရှိနိုင်ရန် CRPH YouTube Channel ကို subscribe နှင့် Notification လုပ်ထားရန် အကြံပြုလိုပါသည်။ 
အရေးတော်ပုံ အောင်ရမည်။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။

Committee Representing Pyidaungsu Hluttaw - CRPH



ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) ၏ YouTube Channel ထုတ်လွှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) ၏ YouTube Channel ထုတ်လွှင့် Reviewed by THITHTOOLWIN on 04:34 Rating: 5

No comments:

Powered by Blogger.