CNN သတင်းထောက်နဲ့ တွေ့ဆုံပြောဆိုခဲ့တဲ့ အမျိုးသမီး နှစ်ဦး ဖမ်းဆီးခံရ



ဒီကနေ့ မနက်က ရန်ကုန်မြို့ ပြည်လမ်း ၁ဝ မိုင်ကုန်းဈေးကို CNN သတင်းထောက် ရောက်ရှိလာပြီး တွေ့ဆုံ မေးမြန်းခဲ့သူတွေအနက်က အမျိုးသမီး နှင်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ပြည်လမ်းပေါ်ရှိ ၁ဝ မိုင်ကုန်းဈေးကို CNN သတင်းထောက် Clarissa Ward မနေ့က မလာခင်မှာ ရဲတပ်ဖွဲ့ဝင်တချို့ ကြိုတင်ရောက်ရှိလာခဲ့ပြီး ခြိမ်းခြောက်တဲ့သဏ္ဍန်နဲ့ ဈေးကို လှည့်လည်ကြည့်ရှုခဲ့ကြတယ်လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။

အဲဒီနောက် မကြာခင်မှာ သတင်းထောက်အဖွဲ့တွေ ရောက်လာခဲ့ကြတဲ့အခါ တစ်ရပ်ကွက်လုံး သံပုံးတွေတီးပြီး ကြိုဆိုခဲ့ကြတယ်လို့ ဈေးသည်တစ်ဦးက RFA ကို ပြောပါတယ်။

အဖမ်းခံရတဲ့အမျိုးသမီး နှစ်ဦးမှာ တစ်ဦးက ဈေးနဲ့မျက်နှာခြင်းဆိုင်မှာရှိတဲ့ Asia Light လျှပ်စစ်မီးဆိုင်းတွေ ရောင်းတဲ့ဆိုင်ပိုင်ရှင်နဲ့ သူ့ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့လည်း အဲဒီဈေးသည်က ပြောပါတယ်။

CNN သတင်းထောက်နဲ တွေ့ဆုံပြောဆိုခဲ့သူ ငါးဦးခန့်ရှိတယ်လို့ သိရပါတယ်။ မျက်မြင်သက်သေ တစ်ဦး ကလည်း CNN သတင်းထောက်နဲ့ တခြားသူတစ်ဦး မေးမြန်းပြောဆိုပုံကို သူအခုလို ကြားခဲ့ရတယ်လို့ RFA ကို ပြန်လည် ပြောဆိုပါတယ်။

အဲဒီ CNN သတင်းထောက် Clarissa Ward နဲ့ အဖွဲ့ကို တွေ့ဆုံပြောဆိုခဲ့သူတွေထဲက အခုလို အမျိုးသမီး နှစ်ဦးဖမ်းဆီးခံရပြီးနောက်မှာ ကျန်ရှိသူတွေအနေနဲ့ ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက် ထွက်ပြေး တိမ်းရှောင် နေကြပြီး ရပ်ကွက်နေပြည်သူတွေကလည်း ဒီကနေ့ညမှာ သူတို့ ရပ်ကွက်ကို စစ်တပ်နဲ့ရဲတွေ လာရောက် ရန်ရှာမယ့် အန္တရာယ်အတွက် စိုးရိမ်နေကြတယ်လို့ RFA ကို ပြောပါတယ်။

RFA Burmese




CNN သတင်းထောက်နဲ့ တွေ့ဆုံပြောဆိုခဲ့တဲ့ အမျိုးသမီး နှစ်ဦး ဖမ်းဆီးခံရ CNN သတင်းထောက်နဲ့ တွေ့ဆုံပြောဆိုခဲ့တဲ့ အမျိုးသမီး နှစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.