မြန်မာနိုင်ငံက Chevron ကုမ္ပဏီရဲ့အကျိုးစီးပွားကို ကာကွယ်ပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်း

မြန်မာနိုင်ငံက Chevron ကုမ္ပဏီရဲ့အကျိုးစီးပွားကို ကာကွယ်ပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်း အမေရိကန်ပြည်ထောင်စုက Chevron ရေနံကုမ္ပဏီ။ Photo: Reuters

အမေရိကန်ပြည်ထောင်စုက Chevron ရေနံကုမ္ပဏီဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို အကာအကွယ် ပေးဖို့ အမေရိကန်အစိုးရအရာရှိတွေနဲ့ လွှတ်တော်အမတ်တွေကို စည်းရုံးတိုက်တွန်းခဲ့တယ်လို့ Reuters သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။

အခုလို ကြီးမားတဲ့ရေနံကုမ္ပဏီကြီးရဲ့ တိုက်တွန်းမှုဟာ မြန်မာစစ်အုပ်စုကို အရေးယူပိတ်ဆို့မှုတွေလုပ်ပြီး ဖိအားတွေ ပေးနေတဲ့ သမ္မတဂျိုးဘိုင်ဒင် အစိုးရအတွက် ဖိအားဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေးတွေ လုပ်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေထဲမှာ Chevron ကလည်း ပါဝင်ပိုင်ဆိုင်မှု ကြီးကြီးမားမားရှိနေတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် တခြားနိုင်ငံက သူတို့ရဲ့လုပ်ငန်းတွေရဲ့ အကျိုးစီးပွားအတွက် အခုနှစ်ဆန်းသုံးလအတွင်းမှာကိုပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတွေနဲ့ လွှတ်တော် အမတ်တွေကို Chevron ကုမ္ပဏီဘက်က ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့နေရာမှာ ဒေါ်လာနှစ်သန်းကျော် အကုန်ကျခံသုံးစွဲခဲ့ပြီးပြီလို့ Reuters သတင်းက ရေးပါတယ်။

Chevronရဲ့လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒင်အစိုးရဘက်က တုံ့ပြန်မှုတွေတော့ မရှိသေးပါဘူး။ Chevron ရေနံကုမ္ပဏီဟာ မြန်မာနိုင်ငံက ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ၂၈.၃ ရာခိုင်နှုန်း ပိုင်ဆိုင်မှုတွေ ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/chevron-myanmar-military-coup-04222021165616.html

မြန်မာနိုင်ငံက Chevron ကုမ္ပဏီရဲ့အကျိုးစီးပွားကို ကာကွယ်ပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်း  မြန်မာနိုင်ငံက Chevron ကုမ္ပဏီရဲ့အကျိုးစီးပွားကို ကာကွယ်ပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်း Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.