တီးတိန်မြို့မှာ CDM သူနာပြုဆရာမ အပါဝင် ဒေသခံ လေးဦး အဖမ်းခံရ

တီးတိန်မြို့မှာ CDM သူနာပြုဆရာမ အပါဝင် ဒေသခံ လေးဦး အဖမ်းခံရ စစ်အာဏာရှင်အလိုအရှိကြောင်း ၂၀၂၁ မတ် ၁၂ ရက်နေ့က တီးတိန်မြို့မှာ ဆန္ဒပြခဲ့ကြစဉ် /Photo: RFA

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့မှာ ဧပြီ ၉ ရက်နေ့ညက တီးတိန်ပြည်သူ့ဆေးရုံ ကုတင် ၁၀၀ ဆံ့က CDM လုပ်တဲ့သူနာပြု ဆရာမ ဒေါ်ကျိန်ဒွန့်ကိမ်းနဲ့ သူရဲ့မောင်ဖြစ်သူကို စစ်တပ်နဲ့ရဲတွေက လာရောက်ဖမ်းဆီး သွားခဲ့ပါတယ်။

အဲဒီနေ့ညမှာပဲ တီးတိန်မြို့မှာ ဆိုင်ကယ်နဲ့ မြို့ထဲသွားတဲ့ နှစ်ဦးကိုလည်း ဆန္ဒပြရာမှာ ပါဝင်တယ်ဆိုပြီး ဖမ်းထားတယ်လို့ တီးတိန်မြို့ ဒေသခံတွေက ဆိုပါတယ်။

“သူနာပြုဆရာမကတော့ CDM ဝင်လို့ဆိုပြီး ဖမ်းထားတာ၊ အဲဒီဆရာမ အစ်ကို တစ်ယောက်ကို CDM ဝင်တဲ့သူတွေ ပံ့ပိုးပေးတယ်ဆိုပြီးတော့ ဖမ်းဖို့လာတာဖြစ်ပြီးတော့ သူမရှိတော့ သူညီလေးကို ဖမ်းထားတာဖြစ်ပါတယ်” လို့် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အိမ်နီးချင်းတွေက ဝန်းရံပြီး မဖမ်းဖို့ တားဆီးကြပေမယ့် စစ်တပ်ဘက်က သေနတ် ၁၀ ချက်ဖောက်ပြီး ခြိမ်းခြောက်ကာ သူနာပြုဆရာမနဲ့ မောင်ဖြစ်သူကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ အိမ်နီးချင်းတွေက ဆိုပါတယ်။

ချင်းပြည်နယ်က ဆန္ဒပြရာမှာ ပါဝင်သူတွေကို ဖမ်းဆီးတာတွေ၊ ၅၀၅(က)နဲ့ တရားစွဲဆိုတာတွေရှိပေမယ့် ချင်းပြည်နယ်က မြို့တိုင်းလိုလိုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ဆက်လက်ဆန္ဒပြနေဆဲဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/cdm-nurse-arrested-in-tedim-04112021064458.html

တီးတိန်မြို့မှာ CDM သူနာပြုဆရာမ အပါဝင် ဒေသခံ လေးဦး အဖမ်းခံရ  တီးတိန်မြို့မှာ CDM သူနာပြုဆရာမ အပါဝင် ဒေသခံ လေးဦး အဖမ်းခံရ Reviewed by THITHTOOLWIN on 22:49 Rating: 5

No comments:

Powered by Blogger.