ဖမ်းခံထားရတဲ့ မဇ္ဈိမ သတင်းထောက်ဟောင်းကို ရုံးထုတ်


မဇ္ဈိမ သတင်းဌာနရဲ့ နေပြည်တော် အခြေစိုက် သတင်းထောက်ဟောင်း ကိုသန်းထိုက်အောင်ကို ပုဒ်မ - ၅၀၅ (က)နဲ့တရားစွဲပြီး ဒီနေ့ နေပြည်တော်ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

ကိုသန်းထိုက်အောင်ကို စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေက အရပ်ဝတ်နဲ့ မတ်လ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ ရက်အတန်ကြာစစ်ဆေးခဲ့တယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကပြောပါတယ်။

အဲ့ဒီနောက် မတ်လ ၂၇ ရက်နေ့မှာ ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ချုပ်ယမန်ထပ်ယူပြီးနောက် ဒီနေ့ ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာပါ။

နောက်တစ်ကြိမ် ရုံးချိန်းကို တော့ ဧပြီ ၂၂ ရက်နေ့မှာ ချိန်းဆိုခဲ့ပြီး ကိုသန်းထိုက်အောင်ကို နေပြည်တော်အချုပ်ထောင်ကို ရုံးချိန်းအပြီးမှာ ပို့ဆောင်ခဲ့ပါတယ်။

လက်ရှိ သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ သူ့အမှုကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ကိုသန်းထိုက်အောင်အပါအဝင် နေပြည်တော်မှာ ဖမ်းဆီးခံရတဲ့ သတင်းထောက် ၃ ဦး ရှိခဲ့ပါတယ်။

ကိုသန်းထိုက်အောင်နဲ့ အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဘီဘီစီ သတင်းထောက် ကိုအောင်သူရကိုတော့ ဖမ်းဆီးပြီး ၃ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ကိုသန်းထိုက်အောင်နဲ့ DVB သတင်းထောက်ဟောင်း လက်ရှိ အလွတ်တန်းသတင်းထောက် ကိုအောင်ကိုကိုလတ် ကတော့ ပုဒ်မ ၅၀၅ (က) နဲ့ လက်ရှိ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/arrested-mizzima-reporter-trial-myanmar-military-coup-press-media-freedom-04082021085332.html

ဖမ်းခံထားရတဲ့ မဇ္ဈိမ သတင်းထောက်ဟောင်းကို ရုံးထုတ် ဖမ်းခံထားရတဲ့ မဇ္ဈိမ သတင်းထောက်ဟောင်းကို ရုံးထုတ် Reviewed by THITHTOOLWIN on 23:16 Rating: 5

No comments:

Powered by Blogger.