ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆန္ဒပြုကြောင်း ကုလ အထူးကိုယ်စားလှယ်ပြောကြား


(၁-၄-၂၀၂၁)

ဖမ်းဆီးခံနေရတာ ၂ လကြာနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံးတွေ့ဆုံခွင့်ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ဆွေးနွေးချင်သေးတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener က တွစ်တာ ကနေ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချက်ခြင်းလွှတ်အောင် အာဏာသိမ်း စစ်ကောင်စီကိုဖိအားပေးဖို့ မနေ့က လုံခြုံရေးကောင်စီမှာ ထပ်မံတင်ပြခဲ့တယ်လို့လည်း အထူးကိုယ်စားလှယ်ကရေးထားပါတယ်။

အစောပိုင်းသတင်းတွေအရတော့ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံး အခြေအနေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတင်ပြခဲ့ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို လုံခြုံရေးကောင်စီက အချိန်မီမတားဆီးနိုင်ဘူးဆိုရင် ခန့်မှန်းဖို့ခက်တဲ့ ပြည်တွင်းစစ်အထိ ဦးတည်သွားနိုင်တယ်လို့ သတိပေးခဲ့ကြောင်း သိထားရပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မကြာခင် ထွက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆန္ဒပြုကြောင်း ကုလ အထူးကိုယ်စားလှယ်ပြောကြား ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆန္ဒပြုကြောင်း ကုလ အထူးကိုယ်စားလှယ်ပြောကြား Reviewed by THITHTOOLWIN on 06:11 Rating: 5

No comments:

Powered by Blogger.