နမ္မတူ ဒေသခံများ နှစ်ကျော့ပြန် စစ်ရှောင်နေရ


ဧပြီ ၂၆ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ပြည်သူများ နှစ်ကျော့ပြန် စစ်ရှောင်နေရကြောင်း သတင်းရရှိသည်။

ဧပြီ (၂၅) ရက်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်တို့သည် နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး တိုက်ပွဲပြင်းထန်မှုကြောင့် တာပူကျေးရွာ စစ်ရှောင်များ သည် သီပေါမြို့နယ်အတွင်းသို့ ထပ်မံထွက်ပြေးတိမ်းရှောင်လာရကြောင်း စစ်ရှောင်ကူညီပေးနေသူများ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မနေ့က သီပေါစစ်ရှောင်စခန်းကို ထပ်မံထွက်ပြေးလာတာ (၁၃၀) လောက်ရှိတယ်။  ပန်လုံနားတိုက်ပွဲဖြစ်တော့ ပန်လုံ ကျေးရွာနားက တာပူစစ်ရှောင်  ကနေ သီပေါ ထပ်ပြီး ထွက်ပြေးလာရတယ်။ စစ်ရှောင်တွေ ၂ခါ ထွက်ပြေးနေရတဲ့သေဘာပေါ့” ဟု သီပေါ စစ်ရှောင်များကို ကူညီပေးနေသည့် စေတနာ့ဝန်ထမ်း တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက စစ်ရှောင်များအတွက် စားနပ်ရိက္ခာ ပြဿနာ ဖြစ်နိုင်ကြောင်းလည်း ၎င်း က ပြောသည်။

လက်ရှိ သီပေါစစ်ရှောင်စခန်းတွင် စစ်ရှောင် (၁၀၀၀) ကျော်ရှိနေပြီး၊ တိုက်ပွဲငြိမ်သက်ပါက  နေရပ်သို့ ပြန်သွားပြီး တိုက်ပွဲဖြစ်ပြင်းထန်လျှင် စခန်းသို့ ပြန်လာသည့်သူများလည်း ရှိကြောင်း  စစ်ရှောင်ကူညီသူများက ပြောသည်။

“စစ်ရှောင်စာရင်းတွေက မငြိမ်ဘူး။ တိုက်ပွဲငြိမ်ရင် ပြန်သွားကြတယ်။ ဖြစ်ရင် ပြန်ပြေးလာကြတယ်”ဟု စေတနာ့ ဝန်ထမ်း အမျိုးသမီး တစ်ဦးကပြောသည်။

ဧပြီ (၆) ရက်မှ စတင်ပြီး သီပေါမြို့ရှိ စစ်ရှောင်များ ရောက်ရှိလာကြောင်း၊ ယနေ့ချိန်ထိ နှစ်ဖက်တပ် စစ်ရေးတင်းမာမှုကြောင့် နေရပ်သို့ မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

ဧပြီ (၂၁) ရက်တွင် နမတူမြို့နယ်အတွင်းရှိ ပန်လုံကျေးရွာ၊ ရေအိုးကျေးရွာ နှင့် မန်ဆာကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ နေအိမ်ခန့်မှန်းခြေ (၇) လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

နမ္မတူ ဒေသခံများ နှစ်ကျော့ပြန် စစ်ရှောင်နေရ နမ္မတူ ဒေသခံများ နှစ်ကျော့ပြန် စစ်ရှောင်နေရ Reviewed by THITHTOOLWIN on 19:29 Rating: 5

No comments:

Powered by Blogger.