ယူကေ မြန်မာသံအမတ်ကို စစ်ကောင်စီက ဝန်ထမ်းအဖြစ်က ထုတ်


ယူကေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိပဲ အာဏာအလွဲသုံးစားလုပ်ပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ကျုးလွန်တယ်လို့ဆိုကာ ဧပြီလ ၇ ရက်နေ့ကစပြီး ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်ပြီလို့ နိုင်ငံပိုင် မီဒီယာကနေ ကြေညာသွားပါတယ်။

ဦးကျော်စွာမင်းနေရာမှာ သံရုံး ဒုတိယအကြီးအကဲကို သံရုံးယာယီတာဝန်ခံအဖြစ် ခန့်အပ်တယ်လို့လည်း ဆိုပါတယ်။

သံအမတ်ကြီး ဦးကျော်စွာမင်းကတော့ မနေ့က စစ်သံမှူး ဦးဆောင်ပြီး သံရုံးကို ထိန်းချုပ်ထားမှုဟာ အာဏာသိမ်းတဲ့ လုပ်ရက်ဖြစ်တယ်လို့ ပြောထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးဖို့၊ မြန်မာပြည်တွင်း အခြေအနေကို သံတမန်နည်းလမ်းအရ အဖြေရှာကြဖို့ တောင်းဆိုထားတဲ့ ထုတ်ပြန်ချက်တစောင်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး မတ်လ ၄ ရက်နေ့မှာ သံအမတ်ကြီး ဦးကျော်စွာမင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့်လည်း အာဏာသိမ်းစစ်ကောင်စီက မတ်လ ၉ ရက်နေ့မှာ သံအမတ်ကြီး ဦးကျော်စွာမင်းကို ပြန်လည်ဆင့်ခေါ်ခဲ့ပါတယ်။

ဦးကျော်စွာမင်းဟာ ပြန်လည်ခေါ်ယူတဲ့ကာလမှာ ညွှန်ကြားချက်တွေကို မလိုက်နာခြင်း သံရုံးဝန်ထမ်းတွေကို ခြိမ်းခြောက် အကျပ်ကိုင် ဖိအားပေးတာတွေပြုလုပ်ခြင်း ၊သူရဲ့ညွှန်ကြားချက် မလိုက်နာသူတွေကို သံရုံးမှ နှင်ထုတ်ခြင်း နေအိမ်တွေက နှင်ချခြင်း သံရုံး နဲ့ သံရုံးသုံးကားတွေကို ထိန်းချုပ်ထားနိုင်ရန်ကြိုးပမ်းခြင်းစတာတွေ ဥပဒေမဲ့လုပ်ရပ်တွေကျုးလွန်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာပါရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ယူကေ မြန်မာသံအမတ်ကို စစ်ကောင်စီက ဝန်ထမ်းအဖြစ်က ထုတ်  ယူကေ မြန်မာသံအမတ်ကို စစ်ကောင်စီက ဝန်ထမ်းအဖြစ်က ထုတ် Reviewed by THITHTOOLWIN on 23:32 Rating: 5

No comments:

Powered by Blogger.