ပဲခူး ဧပြီ ၉ ။
ယနေ့ပစ်ခတ်ခံရ၍သေဆုံးသူနှင့်ဒဏ်ရာရသူများကိုမှော်ကန် ၁၃ လမ်း ရှင်စောပုဘုရားဝင်းဘေးတွင်ပုံထားသည်ဟု မျက်မြင်တွေ့သူများကသတင်းပို့ပြောကြားသည်။
မှော်ကန် ၁၃ လမ်း ရှင်စောပုဘုရားဝင်းထဲမှာသေတဲ့သူကောထိတဲ့သူကောပုံထားတယ် ၃၀ ကျော်လောက်ရှိမယ် ဘေးနားကဘုန်းကြီးကျောင်းက ဘုန်းဘုန်းတွေသွားတောင်တာမပေးဘူးဟု ဒေသခံတစ်ဦးကဆိုသည်။
မဂ္ဂတစ်လမ်းထိပ်တွင်ပိတ်ထားသဖြင့် ကြက်ခြေနီကားများဝင်ခွင့်မရရှိပါ။
မြို့အဝင် ပဲခူးတံတားမှာရဲတွေစောက်နေတယ်။နာရီစင်ရှေ့ပိတ်လိုက်ပြီ ကျောက်ဖူးကုန်းရှေ့ ရဲကားကိုကန့်လန့်ပိတ်ထားပြီ ဗုံးမှန် လက်နက် ကြီးထိမှန်လက်နက်သေးထိမှန်တဲ့သူတွေ အပြင်ကိုကယ်ထုတ်လို့မရပါ ထိမှန်သူတွေအရေတွက်များပါတယ်သနပ်ပင်လမ်းမလုံးဝပိတ်လိုက်ပါပြီဟု ပဲခူးမြို့ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကဆိုသည်။
ပဲခူးမြို့ ဆံတော်တွင်း မဂ္ဂတစ် အင်းဝင် ပုဏ္ဏားစု မှော်ကန် လိပ်ပြာကန် ရပ်ကွက်များအတွင်း စစ်တပ်မှ ယနေ့နံနက် ၅ နာရီခန့်မှယခုအချိန်အထိပစ်ခတ်မှုများပြုလုပ်လျှက်ရှိပြီကျည်ထိသေဆုံးသူ ၁၀ ဦးခန့်ရှိပြီဟု ဒေသခံများကဆိုသည်။
သေဆုံးသတင်းအားသီးခြားအတည်ပြုချက်ရယူလျှက်ရှိသည်။
လက်ရှိတွင်စစ်ကားများရပ်ကွင်းအတွင်းသို့စစ်ကားများဆက်လက်ဝင်ရောက်လျှက်ရှိသည်။
၃၀ ဒဏ်ရာရထတယ် မှော်ကန် ၁၄ လမ်း စူဌာမဏီဘုရားတပ်စွဲထားတယ် မှော်ကန် ၂၄ လမ်းမှာလဲ စစ်သားတွေ့အများကြီးဟု လက်ရှိအခြေအနေကို ပုဏ္ဏားစုရပ်ကွက်နေသူတစ်ဦးကရှင်းပြသည်။
ပစ်ခတ်မှုကြောင့်နေအိမ်အတွင်းသို့ကျည်ထိမှန်မှုများလည်းရှိသည်ဟုဒေသခံများကဆိုသည်။
အိမ်ထဲကနေဘေးအိမ်ကိုခြောင်းကြည့်တာမြင်သွားပြီအပစ်ခံရတယ်ဟု ကျည်ထိသူတစ်ဦးကပြောသည်။
လိပ်ပြာကန်ရှေ့တွင်လဲပစ်ခတ်လျှက်ရှိသည်။
လက်ရှိတွင် မဂ္ဂတစ်လမ်းနှင့်ဥဿလမ်း ပုဏ္ဏားစုလမ်းရှိ အတားအဆီးများအားစစ်တပ်မှဖြိုခွင်းဖယ်ရှားလိုက်သည်။
ရပ်ကွက်နေပြည်သူများကိုးဖမ်းဆီးပြီ ဖျက်ဆီးထားသည့်အတားအဆီးအပိုင်းအစများအားဖယ်ရှားခိုင်းလျှက်ရှိသည်။
ဖယ်ရှားရာတွင်လက်နက်ကြီးများဖြင့်ပစ်ခတ်ဖယ်ရှားခဲ့သည်ဟုဒေသခံများကပြောကြားသည်။
မြဝတီဘဏ်အပေါ်နဲ Mytel ရုံးအပေါ်မှလည်းစစ်သားများနေရာယူ၍ပစ်နေသည်ဟု မျက်မြင်တွေ့ရှိသူများကပြောသည်။
အိမ်အပြင်ထွက်လို့မရဘူးတွေ့တာနဲ့ပစ်တာဟု မှော်ကန်ရပ်ကွက်နေသူတစ်ဦးကဆိုသည်။
မဂ္ဂတစ်လမ်းတွင် ဆန္ဒဖော်ထုတ်သူများဝင်ရောက်၍မရအောင်တားဆီးထားသည်များကို ယနေ့စစ်တပ်မှအပြီးဖယ်ရှားမည်ဟု သတင်းများထွက်ပေါ်နေသည်။
နေလယ် ၁၂ နာရီခန့်က မဇင်းရပ်ကွက်အုပ်ချုပ်ရေးမှုးမီးလောင်းမှုဖြစ်ပွားခဲ့သည်။
တာယာများမီးရှို့သည်ဟုဆိုကာ ကျောက်တွင်းကုန်းလမ်းဆုံရှိ ဓတ်ဆီဆိုင်အာ အသံဗုံးဖြင့်စစ်တပ်မှပစ်ခတ်ခဲ့သည်။
လွန့်ခဲ့သည့်ရက်က ပဲခူးကျောက်ကြီးစုရပ်ကွက်အတွင်းရှိ အတားအဆီးများအားဖယ်ရှားသည်ဟုဆိုကာ စစ်တပ်မှဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂ ဦးကျည်ထိမှန်၍သေဆုံးခဲ့သည်။
Bago Weekly Journal Online Page
No comments:
Post a Comment