မြန်မာဒုက္ခသည်တွေ ထိုင်းဘက်မှာ ယာယီခိုလှုံခွင့်ပေးမယ်

Injured Myanmar refugees rest after receiving medical attention at Sop Moei Hospital in Mae Hong Son province on March 30, 2021, after crossing into Thailand via the Salween river following air strikes in Myanmar's Karen state. (Photo by Lillian SUWANRUMP

မြန်မာနိုင်ငံနယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အမြဲတမ်း ခိုလှုံခွင့် မပေးနိုင်ပေမယ့် ယာယီနေထိုင်ဖို့နဲ့ အကူအညီတွေတော့ ပေးသွားမယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးAnutin Charnvirakul က ပြောပါတယ်။

“မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ကရင်တိုင်းရင်းသား ဒုက္ခသည်တွေအတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိတဲ့အကြောင်း၊ ဘေးကင်းလုံခြုံရေး စေချင်သလို၊ သူတို့မှ ရှိတဲ့ အခွင့်အရေးနဲ့အညီ လူသားချင်းစာနာ ထောက်ထားပြီး မျှမျှတတ ဆက်ဆံစေချင်တဲ့အကြောင်း" ထိုင်း ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ဒီနေ့ Mae Sariangဆေးရုံမှာ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မဲဟောင့်ဆောင်ခရိုင် နယ်ခြားဒေသမှာ COVID-19 ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်ကို ကြီးကြပ်ရင်း ထိုင်း ကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုသွားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ စခန်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကရင် ဒုက္ခသည် ၇,၀၀၀ လောက် အိုးအိမ်စွန့်ခွာထွက်ပြေးကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီအထဲက ၃,၀၀၀ လောက် နယ်ခြားကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲ ရောက်လာတယ်လို့ နယ်စပ် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ဒုက္ခသည်တွေကို ထိုင်းဘက်က နေရပ်အတင်းအကျပ် ပြန်ပို့နေတယ်ဆိုတဲ့သတင်းတွေ စောစောပိုင်းက ထွက်ခဲ့ပေမယ့် ထိုင်းအစိုးရဘက်က ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။ မြန်မာစစ်တပ်အုပ်ချုပ်ရေး ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားတယ်ဆိုပြီး အပစ်အခတ်ရပ်စဲရေး ၁ လ ကြေညာထားပေမဲ့ ဒုက္ခသည်တွေကတော့ နယ်စပ်ကိုဖြတ်ပြီး ရောက်လာနေဆဲဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/burmese-refugees-thai-burmese-border/5838363.html

မြန်မာဒုက္ခသည်တွေ ထိုင်းဘက်မှာ ယာယီခိုလှုံခွင့်ပေးမယ် မြန်မာဒုက္ခသည်တွေ ထိုင်းဘက်မှာ ယာယီခိုလှုံခွင့်ပေးမယ် Reviewed by THITHTOOLWIN on 23:32 Rating: 5

No comments:

Powered by Blogger.