ရန်ကုန်မြို့လယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ပြန်ရှိလာ


ရန်ကုန်မြို့လယ်ခေါင်ဆူးလေစေတီတဝိုက်မှာ ဒီနေ့ ဧပြီ ၂၃ ရက်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။

လူစုခွဲ ပစ်ခတ်နှိမ်နင်းခဲ့ပြီး လူစုလို့မရအောင် လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ မရှိတော့တာ ရက်အတော်ကြာခဲ့ပါပြီ။

မြန်မာ့အရေးဆွေးနွေးကြမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် တစ်ရက်အလို ဒီနေ့မှာ ခုလို လူငယ်တွေဦးဆောင်တဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ပြန်လည် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ရန်ကုန်မြို့လယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ပြန်ရှိလာ  ရန်ကုန်မြို့လယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ပြန်ရှိလာ Reviewed by THITHTOOLWIN on 21:17 Rating: 5

No comments:

Powered by Blogger.