စာရေးဆရာ သတင်းစာဆရာမ တူးတူးသာနဲ့ မိသားစုဝင် အချို့ အဖမ်းခံရ

 
စာရေးဆရာ သတင်းစာဆရာမ တူးတူးသာ နဲ့ မိသားစုဝင် အချို့ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧပြီလ ၂၄ ရက်နေ့ ညပိုင်းက သန်လျင် နေအိမ်ကိုလာရောက် ဖမ်းဆီးသွားတယ်လို့ မတူးတူးသာရဲ့ မိတ်ဆွေတွေက ဘီဘီစီကိုပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့ ညက ဧည့်စာရင်းလာစစ်ရင်း ဖမ်းသွားတာလို့ပြောပြီ းဘာကြောင့် အခုလိုလာရောက်ဖမ်းဆီးတယ်ဆိုတာနဲ့ပတ်သက်လို့တော့ အသေးစိတ်မသိရသေးပါဘူး။

စာရေးဆရာ သတင်းစာဆရာမ တူးတူးသာနဲ့ အတူသူရဲ့ သားဖြစ်သူ ညဏ်လူသစ်နဲ့ သူ့သူငယ်ချင်း သီဟစိုး ၊ သူရဲ့မောင်ဖြစ်သူ ကိုရဲနောင်တို့လည်း အဖမ်းခံခဲ့ရတယ်လို့လည်း သိရပါတယ်။

မတူးတူးသာဟာ စာရေးဆရာမတစ်ဦးလည်းဖြစ်သလို ဧရာဝတီသတင်းဌာနနဲ့ 7 day အင်တာဗျူးဂျာနယ် ဖလားဝါးနယူး ဂျာနယ်တို့မှာ အယ်ဒီတာအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးပြီး၊ သန်လျင်ပိုစ့်ဂျာနယ်ကို ကိုယ်တိုင်ထုတ်ဝေခဲ့သူဖြစ်ကာ လက်ရှိ သတင်းစာဆရာသင်တန်း နည်းပြဆရာအဖြစ် လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

စာရေးဆရာ သတင်းစာဆရာမ တူးတူးသာနဲ့ မိသားစုဝင် အချို့ အဖမ်းခံရ  စာရေးဆရာ သတင်းစာဆရာမ တူးတူးသာနဲ့ မိသားစုဝင် အချို့ အဖမ်းခံရ Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.