ဂျာကာတာက သံခင်းတမန်ခင်း



(၂၃/၄/၂၀၂၁)

UN အထူးကိုယ်စားလှယ်နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ဒီကနေ့တွေ့ဆုံဆွေးနွေးသည်။ မနက်ဖန်ကျင်းပမဲ့ မြန်မာ့အရေး အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။ ဘာတွေဆွေးနွေးတယ်ဆိုတာတော့ အသေးစိတ်ထုတ်ဖေါ်ပြောဆိုတာမရှိပါ။ 

ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေကတော့ မြန်မာစစ်ခေါင်းဆောင်ကို တရားဝင်ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုဖို့ အာဆီယံကို ဖိအားပေးတောင်းဆိုထားပြီး တရုတ်ကတော့ ပြင်ပဖိအားကို လက်မခံဖို့ အာဆီယံကို ပြောထားပါတယ်။ ရုရှားကတော့ ထူးထူးခြားခြား ပြောဆိုတာမရှိပါ။

အင်ဒိုနီးရှားက အာဆီယမ်ကျွမ်းကျင်သူတွေကတော့ ဂျာကာတာအစည်းအဝေးဟာ ပုံမှန်ကျင်းပနေကြ နိုင်ငံ့ခေါင်းဆောင်တွေတက်တဲ့ ထိပ်သီးအစည်းအဝေးမဟုတ်ပဲ အကြမ်းဖက်မှုတွေမှာ တာဝန်အရှိဆုံး အာသိမ်းခေါင်းဆောင်ကို ခေါ်ယူမေးမြန်းတဲ့ အရေးပေါ် အစည်းအဝေးလို့ပြောပါတယ်။ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ပွဲမဟုတ်ပဲ ကြားနာ သတိပေးတဲ့ပွဲလို့ ပြောကြပါသည်။ တွေ့ဆုံ ဆွေးနွေးအဖြေရှာမဲ့ ပွဲဆိုရင် NUG အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်မပါပဲ ကျင်းပလို့မရဟု သုံးသပ်ကြပါသည်။


Burma News Network

https://www.facebook.com/burmanewsnetwork

ဂျာကာတာက သံခင်းတမန်ခင်း ဂျာကာတာက သံခင်းတမန်ခင်း Reviewed by THITHTOOLWIN on 06:22 Rating: 5

No comments:

Powered by Blogger.