မိုးညှင်းမြို့တွင် (၁၂)ဘီးယာဉ်အား အရပ်၀တ်စစ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ


ဧပြီ၊၁၉ 

မန္တလေး- မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ မိုးညှင်းမြို့နယ် လယ်မီးကျေးရွာနှင့် ကျွန်းပင်သာကျေးရွာကြားလမ်းမပေါ်တွင် ယနေ့မနက်(၁၀)နာရီအချိန်က ၁၂ဘီးယာဥ်အား အရပ်ဝတ်လက်နက်ကိုင်အုပ်စုမှ ပစ်ခတ်ခဲ့သဖြင့်ယာဥ်ပေါ်ပါသူ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသား(၂)ဦး တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ 

ဒဏ်ရာရသူ(၂)ဦးနှင့်သေဆုံးသူကို မိုးညှင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။ 

ပြီးခဲ့သည့် နှစ်ဆန်းတစ်ရက်နေ့ကလည်း မိုးညှင်းမြို့နယ်နန့်စီးအောင်စုပေါင်းစစ်ဆေးရေးဂိတ်မှ ဖြတ်သန်းလာသည့် (၁၂)ဘီးယာဥ်မောင်းတစ်ဦးကို ယင်းဂိတ်ရှိ စစ်ကောင်စီအဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည့်အတွက် ယာဥ်မောင်းသေဆုံးခဲ့ပြီး ယာဥ်နောက်လိုက်တစ်ဦး ဒဏ်ရာရခဲ့ရာ သေဆုံးသူ၏အလောင်းကိုမိသားစုမှပြန်လည်သယ်ဆောင်သွားခဲ့သည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

မိုးညှင်းမြို့တွင် (၁၂)ဘီးယာဉ်အား အရပ်၀တ်စစ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ မိုးညှင်းမြို့တွင် (၁၂)ဘီးယာဉ်အား အရပ်၀တ်စစ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:37 Rating: 5

No comments:

Powered by Blogger.