ယင်းမာပင် သီးကုန်းရွာအနီး ပစ်ခတ်မှုဒေသခံ ၆ဦးကျဆုံး


မုံရွာ၊ဧပြီ-၂၀

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သီးကုန်းရွာအနီး ယနေ့ ပစ်ခတ်မှု ဖြစ်ရာ ညနေ ၆နာရီကျော်အထိ ဒေသခံ ၆ဦး ကျဆုံးကြောင်း ရွာခံများကပြောသည်။

ညနေ လေးနာရီခန့်တွင် ယင်းမာပင်ရှိ ကျေးရွာများသို့ စစ်တပ်မှပစ်ခတ်မှုများ ပြုလုပ်ပြီး ညနေ ခြောက်နာရီကျော် အထိ သီးကုန်းရွာအနီးတွင် ပစ်ခတ်မှုများဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

" အသံအကျယ်ကြီးတွေ ကြားနေရတာ ။ အပေါ်ကနေ ဒရုန်းနဲ့ရှာတာ၊ ရွာဘက်ကလည်း ရသလောက် ခုခံနေတာ၊ ဒါပေမဲ့ လက်နက်မမျှတော့ ထွက်ပြေးကြရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းကတည်းက ယင်းမာပင်ရှိ ဝင်းကုန်းရွာကို ဝင်ရောက် တပ်ချထားပြီး ဖမ်းဆီးမှုများပြုလုပ်သဖြင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်ရကြောင်း သိရသည်။

ညနေပိုင်း ပစ်ခတ်မှုတွင် စစ်ကား နှစ်စီး မီးလောင်ပျက်စီးပြီး စစ်တပ်ဘက်မှလည်း ကျဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။ 

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ယင်းမာပင်၊ ကနီမြို့နယ်တို့ရှိ ကျေးရွာများသို့ စစ်တပ်မှ ယခုရက်ပိုင်းပစ်ခတ်မှုများ ရှိသဖြင့် ဒေသခံ အများအပြား ထွက်ပြေး တိမ်းရှောင်နေရသည်။


Monywa Gazette

https://www.facebook.com/monywagazette

ယင်းမာပင် သီးကုန်းရွာအနီး ပစ်ခတ်မှုဒေသခံ ၆ဦးကျဆုံး ယင်းမာပင် သီးကုန်းရွာအနီး ပစ်ခတ်မှုဒေသခံ ၆ဦးကျဆုံး Reviewed by THITHTOOLWIN on 20:28 Rating: 5

No comments:

Powered by Blogger.