မန္တလေးဆန္ဒပြစစ်ကြောင်းကို ကားနဲ့ဝင်တိုက်ဖြိုခွဲပြီး ဖမ်းဆီး



မန္တလေးမြို့ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြ‌ သပိတ်စစ်ကြောင်းတခုကို စစ်ကောင်စီတပ်က စစ်ကားနဲ့ဝင်တိုက်ပြီး ဖြိုခွဲရာ ၇ ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

"စစ်ကားတွေလာတော့ ခွဲ၊ ခွဲဆိုပြီး ကြုံရာပြေးကြတာ။ မျက်စိရှေ့ထိပ်တိုက် ဖြစ်တော့ ကိုယ်တိုင်လှည့်ပြေးရတာ။ ခုနစ်ယောက်က ပြေးနေရင်း အဖမ်းခံရတာ။ ကောင်လေးတွေကို ဒူးထောက်ခိုင်းပြီး သေနတ်ဒင်တွေနဲ့ ထုတာ။ သူတို့ကို ဆူဇူကီးကား အနီရောင်ပေါ် တင်သွားတာ။ တိုက်တာက စစ်ကားနဲ့" လို့ မျက်မြင်တွေ့သူ တဦးက ပြောပါတယ်။

ရတနာပုံ တက္ကသိုလ် နဲ့ မန္တလာ တက္ကသိုလ် ကျောင်းသား သပိတ် စစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီနေ့ နေ့လယ်ပိုင်း အောင်ပင်လယ်ရပ်ကွက် ၁၀၄လမ်း မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြတာဖြစ်ပါတယ်။ သပိတ်ကို စစ်ကားနဲ့တိုက်ဖြိုခွင်းခံရပေမယ့် ထိခိုက်ဒဏ်ရာရသူ အရေတွက်တော့ မသိရပါဘူး။ ဖမ်းဆီးသွားသူတွေကို အောင်ပင်လယ်ရဲစခန်းမှာ ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မန္တလေးဆန္ဒပြစစ်ကြောင်းကို ကားနဲ့ဝင်တိုက်ဖြိုခွဲပြီး ဖမ်းဆီး  မန္တလေးဆန္ဒပြစစ်ကြောင်းကို ကားနဲ့ဝင်တိုက်ဖြိုခွဲပြီး ဖမ်းဆီး Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.