ပဲခူးရပ်ကွက်အတွင်းသို့ စစ်ကားအစီး ၂၀ ခန့်ထပ်မံဝင်ရောက်လာသဖြင့် ရပ်ကွက်နေသူများထွက်ပြေးတိမ်းရှောင်





ပဲခူး ဧပြီ ၉ ညနေ ၄ နာရီ ။

ညနေ့ပိုင်းတွင် ပုဏ္ဏားစုရပ်ကွက်အတွင်းသို့ စစ်ကားအစီး ၂၀ ခန့်ထပ်မံဝင်ရောက်လာသဖြင့်ရပ်ကွက်နေသူများကျည်လွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိပစ်နေတုန်းပဲ အတားအဆီးတွေကကျန်သေးတယ် အလင်းရောင်ဘက်မှာလဲ ခံတပ်တွေရှိတယ်အားလုံးအပြီးဖယ်မယ်ဆိုရင်မနက်ဖြန်ထိဆက်သွားနိုင်တယ်ဟု ပုဏ္ဏားစုရပ်နေသူတစ်ဦးကပြောကြားသည်။

အလင်းရောင်ဘက်ကလဲမြို့ပျက်လို့ဖြစ်နေတယ် အိမ်တွေတံခါးသော့ခတ်ပြီရှောင်နေကြတယ်ဟုယင်းရပ်ကွက်နေသူတစ်ဦးကဆိုသည်။

ယနေ့ပစ်ခတ်ခံရ၍သေဆုံးသူနှင့်ဒဏ်ရာရသူများကိုမှော်ကန် ၁၃ လမ်း ရှင်စောပုဘုရားဝင်းဘေးတွင်ပုံထားသည်ဟု မျက်မြင်တွေ့သူများကသတင်းပို့ပြောကြားသည်။

မှော်ကန် ၁၃ လမ်း ရှင်စောပုဘုရားဝင်းထဲမှာသေတဲ့သူကောထိတဲ့သူကောပုံထားတယ် ၃၀ ကျော်လောက်ရှိမယ် ဘေးနားကဘုန်းကြီးကျောင်းက ဘုန်းဘုန်းတွေသွားတောင်တာမပေးဘူးဟု ဒေသခံတစ်ဦးကဆိုသည်။

မဂ္ဂတစ်လမ်းထိပ်တွင်ပိတ်ထယးသဖြင့် ကြက်ခြေနီကားများဝင်ခွင့်မရရှိပါ။

မြို့အဝင် ပဲခူးတံတားမှာရဲတွေစောက်နေတယ်။နာရီစင်ရှေ့ပိတ်လိုက်ပြီ ကျောက်ဖူးကုန်းရှေ့ ရဲကားကိုကန့်လန့်ပိတ်ထားပြီ ဗုံးမှန်  လက်နက် ကြီးထိမှန်လက်နက်သေးထိမှန်တဲ့သူတွေ အပြင်ကိုကယ်ထုတ်လို့မရပါ ထိမှန်သူတွေအရေတွက်များပါတယ်သနပ်ပင်လမ်းမလုံးဝပိတ်လိုက်ပါပြီဟု ပဲခူးမြို့ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

ပဲခူးမြို့ ဆံတော်တွင်း မဂ္ဂတစ် အင်းဝင် ပုဏ္ဏားစု မှော်ကန် လိပ်ပြာကန် ရပ်ကွက်များအတွင်း စစ်တပ်မှ ယနေ့နံနက် ၅ နာရီခန့်မှယခုအချိန်အထိပစ်ခတ်မှုများပြုလုပ်လျှက်ရှိပြီကျည်ထိသေဆုံးသူ ၁၀ ဦးခန့်ရှိပြီဟု ဒေသခံများကဆိုသည်။

သေဆုံးသတင်းအားသီးခြားအတည်ပြုချက်ရယူလျှက်ရှိသည်။

လက်ရှိတွင်စစ်ကားများရပ်ကွင်းအတွင်းသို့စစ်ကားများဆက်လက်ဝင်ရောက်လျှက်ရှိသည်။

မုန်တိုင်းရွာဘုန်းကြီးကျောင်းများတွင် တပ်စွဲထားသည်ဟု ဒေသခံများကသတင်းပေးပို့သည်။

၃၀ ဒဏ်ရာရထားတယ် မှော်ကန် ၁၄ လမ်း စူဌာမဏီဘုရားတပ်စွဲထားတယ် မှော်ကန် ၂၄ လမ်းမှာလဲ စစ်သားတွေ့အများကြီးဟု လက်ရှိအခြေအနေကို ပုဏ္ဏားစုရပ်ကွက်‌နေသူတစ်ဦးကရှင်းပြသည်။

ပစ်ခတ်မှုကြောင့်နေအိမ်အတွင်းသို့ကျည်‌ထိမှန်မှုများလည်းရှိသည်ဟုဒေသခံများကဆိုသည်။

အိမ်ထဲကနေဘေးအိမ်ကိုခြောင်းကြည့်တာမြင်သွားပြီအပစ်ခံရတယ်ဟု ကျည်ထိသူတစ်ဦးကပြောသည်။

လိပ်ပြာကန်ရှေ့တွင်လဲပစ်ခတ်လျှက်ရှိသည်။

လက်ရှိတွင် မဂ္ဂတစ်လမ်းနှင့်ဥဿလမ်း ပုဏ္ဏားစုလမ်းရှိ အတားအဆီးများအားစစ်တပ်မှဖြိုခွင်းဖယ်ရှားလိုက်သည်။

ဖယ်ရှားရာတွင်လက်နက်ကြီးများဖြင့်ပစ်ခတ်ဖယ်ရှားခဲ့သည်ဟုဒေသခံများကပြောကြားသည်။

ရပ်ကွက်နေပြည်သူများကိုးဖမ်းဆီးပြီ ဖျက်ဆီးထားသည့်အတားအဆီးအပိုင်းအစများအားဖယ်ရှားခိုင်းလျှက်ရှိသည်။

မြဝတီဘဏ်အပေါ်နဲ Mytel ရုံးအပေါ်မှလည်းစစ်သားများနေရာယူ၍ပစ်နေသည်ဟု မျက်မြင်တွေ့ရှိသူများကပြောသည်။

အိမ်အပြင်ထွက်လို့မရဘူးတွေ့တာနဲ့ပစ်တာဟု မှော်ကန်ရပ်ကွက်နေသူတစ်ဦးကဆိုသည်။

မဂ္ဂတစ်လမ်းတွင် ဆန္ဒဖော်ထုတ်သူများဝင်ရောက်၍မရအောင်တားဆီးထားသည်များကို ယနေ့စစ်တပ်မှအပြီးဖယ်ရှားမည်ဟု သတင်းများထွက်ပေါ်နေသည်။

နေလယ် ၁၂ နာရီခန့်က မဇင်းရပ်ကွက်အုပ်ချုပ်ရေးမှုးမီးလောင်းမှုဖြစ်ပွားခဲ့သည်။

တာယာများမီးရှို့သည်ဟုဆိုကာ ကျောက်တွင်းကုန်းလမ်းဆုံရှိ ဓတ်ဆီဆိုင်အာ အသံဗုံးဖြင့်စစ်တပ်မှပစ်ခတ်ခဲ့သည်။

လွန့်ခဲ့သည့်ရက်က ပဲခူးကျောက်ကြီးစုရပ်ကွက်အတွင်းရှိ အတားအဆီးများအားဖယ်ရှားသည်ဟုဆိုကာ စစ်တပ်မှဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂ ဦးကျည်ထိမှန်၍သေဆုံးခဲ့သည်။


Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212

ပဲခူးရပ်ကွက်အတွင်းသို့ စစ်ကားအစီး ၂၀ ခန့်ထပ်မံဝင်ရောက်လာသဖြင့် ရပ်ကွက်နေသူများထွက်ပြေးတိမ်းရှောင် ပဲခူးရပ်ကွက်အတွင်းသို့ စစ်ကားအစီး ၂၀ ခန့်ထပ်မံဝင်ရောက်လာသဖြင့် ရပ်ကွက်နေသူများထွက်ပြေးတိမ်းရှောင် Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.