စစ်အာဏာရှင်ကို မကာကွယ်ဖို့ အာဆီယံခေါင်းဆောင်တွေကို လူငယ်တွေတောင်းဆို

စစ်အာဏာရှင်ကို မကာကွယ်ဖို့ အာဆီယံခေါင်းဆောင်တွေကို လူငယ်တွေတောင်းဆို ဆန္ဒပြ

မြန်မာ့အရေး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့အစည်းအဝေးပွဲမှာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို အကာအကွယ်မပေးဖို့ အာဆီယံခေါင်းဆောင်တွေကို လူငယ်တွေက ဒီနေ့ ဧပြီလ ၂၃ ရက်မှာ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြတောင်းဆိုသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ မနက်ဖြန် ဧပြီလ ၂၄ ရက်မှာ ကျင်းပဖို့ရှိတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖို့ရှိနေချိန်မှာ လူငယ်တွေက အခုလိုလမ်းပေါ်တက် ဆန္ဒပြခဲ့ကြတာပါ။

စစ်အာဏာရှင်ကို မကာကွယ်ဖို့ အာဆီယံခေါင်းဆောင်တွေကို လူငယ်တွေတောင်းဆို ဆန္ဒပြ

ရန်ကုန် မြို့နယ်အသီးသီးက လူငယ်တွေပါဝင်တဲ့ ဒီဆန္ဒပြပွဲကို လသာမြို့နယ်ရဲစခန်းအနီး မဟာဗန္ဓုလလမ်းမပေါ်တွင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရဲန့ဲစစ်သားတွေရဲ့ ဖိနှိပ်မှုတွေကြားက လူငယ်တွေက မြို့လယ်ကောင်အထိထွက်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

လူစုခွဲပြီးတဲ့နောက် ရဲတွေ ဆိုင်ကယ်တွေနဲ့ ရောက်လာခဲ့ပေမဲ့ ဆနဒပြသူတွေ ဖမ်းဆီးခံရတာမျိုးတော့ မရှိခဲ့ပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

စစ်အာဏာရှင်ကို မကာကွယ်ဖို့ အာဆီယံခေါင်းဆောင်တွေကို လူငယ်တွေတောင်းဆို  စစ်အာဏာရှင်ကို မကာကွယ်ဖို့ အာဆီယံခေါင်းဆောင်တွေကို လူငယ်တွေတောင်းဆို Reviewed by THITHTOOLWIN on 22:14 Rating: 5

No comments:

Powered by Blogger.