ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ် ( ၁၂ )



 ရက်စွဲ။   ။၂၀၂၁ ခုနှစ်၊ဧပြီလ၊ ၂၆ ရက်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)သည် ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ်များ၏ တာဝန်လွှဲအပ်မှုဖြင့်  ၅-၂-၂၀၂၁ ရက်မှစတင်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့်ဖွဲ့စည်းကာလွှတ်တော်တာဝန်များ စတင် ထမ်းဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်သည့်တိုင်းရင်းသားကိုယ်စားလှယ်များကို ထပ်မံတိုးချဲ့ကာ အဖွဲ့ဝင် ၁၇ ဦးဖြင့် တာဝန် ထမ်းဆောင်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ၂၀-၄-၂၀၂၁ ရက်တွင်ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တွင် အဖွဲ့ဝင်များအဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 ၁။ဦးအောင်ကြည်ညွန့်

  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

  အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၆)

  မကွေးတိုင်းဒေသကြီး။

၂။ဦးလမာနော်အောင်

  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

  ကချင်ပြည်နယ်ပြည်သူ့ပါတီ

  အင်ဂျန်းယန်မဲဆန္ဒနယ်

  ကချင်ပြည်နယ်။

၃။ဦးစည်သူမောင်

  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

  ပန်းဘဲတန်းမဲဆန္ဒနယ်

  ရန်ကုန်တိုင်း။


Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm/

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ် ( ၁၂ ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ် ( ၁၂ ) Reviewed by THITHTOOLWIN on 18:51 Rating: 5

No comments:

Powered by Blogger.