သင်္ကြန်မဆင်နွှဲဖို့ လူထုကို မြန်မာလူငယ်တွေ မေတ္တာရပ်ခံနေ

သင်္ကြန်ပွဲ မဆင်နွှဲဖို့ မော်လမြိုင်လူငယ်တွေကလည်း ဒီနေ့ ဧပြီလ ၆ ရက်မှာ လူထုကို တောင်းဆိုထား


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတဲ့အခြေအနေကြောင့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၂ ရက်၊ ဧပြီလ ၁၃ ရက်မှာ ကျရောက်မယ့် မဟာအတာသင်္ကြန်ကို မဆင်နွှဲကြဖို့ လူငယ်တွေက လူထုကို မေတ္တာရပ်ခံတောင်းဆိုစာတွေ စတင်ထုတ်ပြန်လာပါတယ်။

လက်ရှိ ကျီးလန့်စာ စားနေတဲ့ကာလမှာ သင်္ကြန်ဆင်နွှဲဖို့ လိပ်ပြာမလုံဘူးလို့ လူငယ်တွေက သူတို့ မေတ္တာရပ်ခံစာတွေထဲမှာ ရေးသားထားသလို သက်ဆိုင်ရာမြို့နယ်တွေမှာနေထိုင်ကြတဲ့လူထုအနေနဲ့လည်း မပါဝင်ကြဖို့ တိုက်တွန်းပါတယ်။

တဖက်မှာလည်း သင်္ကြန်မဆင်နွှဲတာဟာ စစ်ကောင်စီရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်ရာရောက်ပြီး နွေဦးတော်လှန်ရေးကာလမှာ အသက်ဆုံးရှုံးခဲ့ရသူတွေ၊ ကျန်ရစ်သူမိသားစုဝင်တွေကို စာနာနားလည်ရာလည်းရောက်တဲ့အပြင် CDM လုပ်နေတဲ့ဝန်ထမ်းတွေ၊ တိုင်းရင်းသားပေါင်းစုံတော်လှန်ရေးညီကိုမောင်နှမတွေ၊ ထိန်းသိမ်းခံထားရသူတွေကို ဂုဏ်ပြုရာလည်းရောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒီလိုမေတ္တာရပ်ခံစာ၊ တိုက်တွန်းစာတွေကို ရန်ကုန်မှာဆိုရင် စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ တောင်ဒဂုံ၊ ရွှေပြည်သာစတဲ့မြို့နယ်တွေက လူငယ်တွေအပြင် လှိုင်၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာပ၊ ကြည့်မြင်တိုင်၊ သာကေတ၊ တာမွေ၊ စမ်းချောင်း၊ ရန်ကင်း၊ သင်္ကန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ အလုံ စတဲ့မြို့နယ်တွေက လူငယ်တွေက စတင်ထုတ်ပြန်လာကြတာကို တွေ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

သင်္ကြန်မဆင်နွှဲဖို့ လူထုကို မြန်မာလူငယ်တွေ မေတ္တာရပ်ခံနေ  သင်္ကြန်မဆင်နွှဲဖို့ လူထုကို မြန်မာလူငယ်တွေ မေတ္တာရပ်ခံနေ Reviewed by THITHTOOLWIN on 20:17 Rating: 5

No comments:

Powered by Blogger.