အပြာရောင် အကျႌဝတ် လှုပ်ရှားမှုနဲ့ မြန်မာအနှံ ဆန္ဒပြ

အပြာရောင်အကျႌဝတ်လှုပ်ရှားမှုနဲ့ မြန်မာအနှံဆန္ဒပြ

မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အပြာရောင် အင်္ကျီဝတ်လှုပ်ရှားမှု Blue Shirt Campaign ကို ဒီကနေ့ဆင်နွှဲကြပါတယ်။ အကျဉ်းထောင်ထဲမှာ ဝတ်ရတဲ့ အပြာရောင်အိင်္ကျီကိုပဲ အပြင်ထွက်တဲ့အထိ စွဲစွဲမြဲမြဲဝတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၇နှစ်ပြည့် ဂုဏ်ပြုတဲ့အနေနဲ့ရော စစ်ကောင်စီက ဖမ်းဆီးထားသူတွေ ပြန်လွှတ်ရေး တောင်းဆိုတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို ဆင်နွွွှဲရတာလို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန် ပြောပြပါလိမ့်မယ်။

နိုင်ငံတဝန်း နယ်ဒေသအသီးသီးမှာ အကျင်္ ီအပြာရောင်ဝတ်ဆင်ကာ လက်ဖဝါးမှာ မတရားအကျဉ်းချခံထားရသူတွေရဲ့ အမည်တွေ ရေးသားပြီး ချက်ချင်းပြန်လွှတ်ရေးအတွက် တောင်းဆို ဆန္ဒထုတ်ဖော်နေကြပါတယ်။

ရန်ကုန်မှာ လမ်းပေါ်ထွက် ဆန္ဒပြတာတွေက ပျောက်ကြားပုံစံမျိုးရှိနေပြီး ဒီရက်ပိုင်းအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးနဲ့ ပတ်သက်လို့ ရန်ကုန်မှာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေရှိလာနိုင်မယ်လို့ ရန်ကုန် အင်ဂျင်နီယာ သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ကျောင်းသားတစ်ဦးက VOA ကိုပြောပါတယ်။

“တစ်ချို့က လမ်းပေါ်ထွက်ကြတယ်။ တစ်ချို့က Photo Campaign တွေလုပ်ကြပါတယ်။ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်တာ ၇ နှစ်ပြည့် အထိမ်းအမှတ်နဲ့ အပြာရောင် Shirt တွေကို ဝတ်ပြီး သူတို့လွတ်စေချင်တဲ့သူတွေကို နဖူးမှာရေးတာသော်လည်းကောင်း၊ လက်မှာရေးတာသော်လည်းကောင်း လုပ်ကြပါတယ်ဗျ။ ရန်ကုန်လူထုက ငြိမ်နေပုံတော့မရပါဘူး။ အားယူနေပုံရပါတယ်။ တနည်းမဟုတ်တစ်နည်းနဲ့ လမ်းပေါ်ပြန်ထွက်လာဖို့ ရှိပါတယ်ခင်ဗျ။ အာဆီယံ အစည်းအဝေးလည်းးရှိတယ်ဆိုတော့ ဒီအစည်းအဝေးအတွက် တစ်ခုခုလုပ်ကြဖို့ ရန်ကုန်လူထုက ရှိပါလိမ့်မယ်လို့ ကျွန်တော်တို့ထင်ပါတယ်ဗျ။”

အလားတူပဲ နေ့စဉ်မပြတ် သပိတ်စစ်ကြောင်း ချီတက်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း အပြာရောင်အကျင်္ ီဝတ်ဆင်ပြီး စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

မတရားဖမ်းဆီးခံထားရသူများ ပြန်လွတ်မြောက်လာစေဖို့နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့အတူ ဒီနေ့ ညနေ ၄ နာရီမှာ မုံရွာပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သပိတ်ဦးဆောင်ကော်မတီ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့က ကိုဝင်းဇော်ခိုင်က ဗွီအိုအေကို ပြောပါတယ်။

“ချီတက်စနစ်လည်း ပါမယ်ခင်ဗျ၊ စုရုံး ဟောပြောခြင်းတွေ ဒီလက်နဲ့ ကမ်းပိန်လုပ်တာလည်း ပါပါတယ်ခင်ဗျ၊ ကျနော်တို့ရဲ့ နေ့စဉ်မပျက်ထွက်တဲ့ ပင်မသပိတ်စစ်ကြောင်းရှိတယ်။ ပင်မသပိတ်နဲ့အတူပဲ ဒီနေ့က အထူးအနေနဲ့ ကျနော်တို့က ဒီအပြာရောင်လှုပ်ရှာမှုပေါ့နော်၊ ကျနော်တို့ရဲ့ ပြည်သူလူထု မတရားဖမ်းခံထားရတဲ့ ပြည်သူလူထုအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ဟာကို ထည့်သွင်းပြီးတော့ လုပ်တာပါခင်ဗျ၊ ပုံမှန်အားဖြင့်တော့ ကျနော်တို့ ပင်မသပိတ်ကလည်း ကျနော်တို့ နေ့စဉ်မပျက်ချီတက်နိုင်အောင်လည်း ကျနော်တို့ အမြဲတမ်းပြည်သူလူထုနဲ့အတူဆက်လက်ပြီးတော့မှာ ချီတက်လျက်ရှိပါတယ်။”

တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း ဒီကနေ့မှာ အပြာရောင်အကျင်္ ီဝတ်ပြီး သပိတ်ကြောင်း ချီတက်တာတွေလုပ်ခဲ့သလို လူမှုကွန်ယက်တွေပေါ်မှာ အပြာရောင်အကျီဝတ်ပြီး အာဏာရှင်ဆန့်ကျင်ကြောင်းနှင့် မတရားဖမ်းဆီးခံရသူတွေကို လွတ်ပေးဖို့ တောင်းဆိုတဲ့ ပုံတွေကို တင်ခဲ့ကြပါတယ်။

ထားဝယ်မှာ မနက်ပိုင်းက အပြာရောင်အကျီဝတ်ပြီး ချီတက်ခဲ့ကြတဲ့ သပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး ဖမ်းဆီးခံရမှုတွေ ရှိခဲ့ပေမယ့် ညနေပိုင်းမှာ သပိတ်ကြောင်းထပ်ပြီး ချီတက်ခဲ့ကြတယ်လို့ ထားဝယ်မြို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက VOA ကို ပြောပါတယ်။

“မနက်ကလည်း အပြာရောင်အကျီတွေဝတ်ပြီးတော့ စစ်ကြောင်းမှာ လိုက်ပါကြတယ်။ ညနေပိုင်း စစ်ကြောင်းမှာလည်း စစ်ကြောင်းမှာလိုက်မယ့်လူတွေအကုန်လုံးကို မနေ့ကတည်းက လူမှုကွန်ယက်ပေါ်ကနေပြီးတော့ မေတ္တာရပ်ခံထားတယ်။ မနက်ဖြန်ထွက်မယ့် စစ်ကြောင်းမှာ ဒီဟာကို Campaign သဘောနဲ့ လုပ်ကြဖို့။ အကုန်လုံး စစ်ကြောင်းမှာလိုက်ပါကြတဲ့သူတွေက အပြာရောင်အကျီတွေဝတ်ပြီးတော့ စစ်ကြောင်းချီတက်ကြတယ်။ အင်အားကတော့ ၁၅၀၊ ၂၀၀ လောက်ပေါ့။ ဘာလို့လည်းဆိုတော့ မနက် အင်ယာစစ်ကြောင်းဖြိုခွဲခံရပြီးတဲ့ အချိန်မှာ ညနေပိုင်းထွက်မယ့် စစ်ကြောင်းက မနက်ပိုင်းက ဖမ်းဆီးတာတွေရှိခဲ့တဲ့အတွက်ကြောင့်မို့ အင်အားက နည်းနည်းနည်းသွားတယ်။ပြီးတော့ မူလက လုပ်မယ့် ရပ်ကွက်၊ အစီအစဉ်တွေလည်း ပြောင်းလိုက်ရတယ်။ ပြီးတော့ မူလစီစဉ်ထားတဲ့ နေရာမဟုတ်ဘဲ တခြားနေရာမှာလုပ်တော့ လူအင်အားတော့ နည်းသွားတာပေါ့။ အဲ့လိုတော့ ရှိတယ်။”

ဒီကနေ့ ဧပြီ ၂၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ အာဏာရှင်အစိုးရအဆက်ဆက်ကို တော်လှန် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်သားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်တာ ၇ နှစ်ပြည့်တဲ့နေ့ဖြစ်တာကြောင့် သူ့ကို အောင်မေ့ သတိရတဲ့အနေနဲ့ အကျင်္ ီအပြာရောင်ဝတ်ဆင်တဲ့ လှုပ်ရှားမှုကို ပြုလုပ်တာလည်း ဖြစ်ပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး၊ ပါတီအတွင်းရေးမှူး တာဝန်ကို ယူခဲ့ပါတယ်။ စစ်အစိုးရလက်ထက် ၁၉၈၉ ကနေ ၂၀၀၈ ခုနှစ်ထိ ၁၉ နှစ်ကြာ ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ အကျဉ်းထောင်ထဲမှာ ဝတ်ရတဲ့ အပြာရောင်အကျင်္ ီကိုပဲ စွဲစွဲမြဲမြဲဝတ်ဆင်တဲ့ သူပါ။ အကျဉ်းထောင်က လွတ်မြောက်လာပြီးမှာ NLD ပါတီနာယကအဖြစ် ရပ်တည်ခဲ့တာပါ။ နောက်ပိုင်း ဆေးကုသမှုခံယူနေရင်း ၂၀၁၄ ခု ဧပြီလ ၂၁ ရက်နေ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း ၊ စစ်ကိုင်းတိုင်း၊ ကချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ နေရာ ဒေသအသီးသီးမှာ အပြာရောင်အကျင်္ီဝတ်ဆင်ကာ အဖမ်းခံရသူတွေရဲ့ အမည်တွေ လက်ဖဝါးမှာ ရေးသားပြီး သူတို့ရဲ့ဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာမှာ လွှင့်တင်ကြပြီး ကမ်းပိန်မှာ ပါဝင်ကြတာပါ။

အွန်လိုင်းမှာလှုပ်ရှားတဲ့အပြင် သပိတ်စစ်ကြောင်း ချီတက်လမ်းလျှောက်တာတွေလည်း ရှိပါတယ်။

ဒီကနေ့ ဧပြီ ၂၁ ရက်နေ့မှာ ပေါင်းတည်မြို့က လူငယ်တွေ NUG ကို ကြိုဆိုတဲ့ လှုပ်ရှားမှု၊ မိုးကုတ်မြို့က လူငယ်တွေ ပြုလုပ်တဲ့ ပိုက်ဆံသပိတ်၊ နေပြည်တော် ပျဉ်းမနားမြို့က ဆိုင်ကယ်သပိတ်၊ ဖြူးမြို့ က လူငယ်များ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်း လှုပ်ရှားမှု စတဲ့ သပိတ်ပုံစံမျိုးစုံတွေ ဆက်လက်လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/blue-shirt-campaign-u-win-tin/5861369.html

အပြာရောင် အကျႌဝတ် လှုပ်ရှားမှုနဲ့ မြန်မာအနှံ ဆန္ဒပြ အပြာရောင် အကျႌဝတ် လှုပ်ရှားမှုနဲ့ မြန်မာအနှံ ဆန္ဒပြ Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.