မုံရွာဒေါနခြံရပ်ကွက်သပိတ်ဖြိုခွင်းခံရ ၊ ၄ဦးဖမ်းသွား

ဓာတ်ပုံ-ဒေါနခြံရပ်ကွက်သပိတ်ကို လောကမာရဇိန်ဘုရားရင်ပြင်၌ တွေ့ရစဉ်

မုံရွာ၊ဧပြီ-၄

မုံရွာမြို့ မိန်းလမ်းနှင့် ပြည်ထောင်စုလမ်းကြား ဒေါနခြံရပ်ကွက်သပိတ်မှာ ယနေ့ညနေ ၄နာရီက ဖြိုခွင်းခံရပြီး  လူငယ်၄ဦး ဖမ်းခံရကြောင်း သပိတ်တွင်ပါဝင်သူတစ်ဦးကပြောသည်။

ဖမ်းဆီးခံရမှုတွင် အမျိုးသား ၄ဦး၊ အမျိုးသမီး ၂ဦးပါပြီး အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ရပ်ကွက်သပိတ်သည် လှည့်လည်ဆန္ဒပြပြီး တောင်ကုန်းလောကမာရဇိန်ဘုရားအနီး ခေတ္တရပ်နားစဉ် ဖြိုခွင်းခံရခြင်းဖြစ်သည်။

"ပုံမှန်ဆို မနက် တစ်ကြိမ်၊ညတစ်ကြိမ် ရပ်ကွက်ထဲပဲပြတာ၊ဒီနေ့မှ ညနေသပိတ်လုပ်တာ၊ပြည်ထောင်စုလမ်းဘက်က စစ်ကားတွေလာတော့ ပြေး​ဆိုပြီးပြေးကြတာ၊ ရိုက်နှက်ပြီးဖမ်းသွားတော့ အဲဒီဘုရားရှေ့မှာသွေးတွေတွေ့တယ် "ဟု ဒေါနခြံရပ်မှ အမျိုးသမီးကပြောသည်။

ဖမ်းဆီးခံရသူများမှာ ကိုဌေး (အောင်ထွေးလင်း)၊ကိုဇော်လွင်၊ကိုထွန်းဝင်းနှင့်အမည်မသိ အမျိုးသားတစ်ဦးဖြစ်သည်။

ဒေါနခြံရပ်ကွက်သပိတ်မှာ အင်အား ၃၀ခန့်ရှိပြီး အများစုမှာ အမျိုးသမီးများဖြစ်သည်ဟု ဆိုသည်။


Monywa Gazette

https://www.facebook.com/monywagazette/

မုံရွာဒေါနခြံရပ်ကွက်သပိတ်ဖြိုခွင်းခံရ ၊ ၄ဦးဖမ်းသွား မုံရွာဒေါနခြံရပ်ကွက်သပိတ်ဖြိုခွင်းခံရ ၊ ၄ဦးဖမ်းသွား Reviewed by THITHTOOLWIN on 20:48 Rating: 5

No comments:

Powered by Blogger.