ရန်ကုန် မြို့လယ် ၆ မြို့နယ်က ဆန္ဒပြပွဲဦးဆောင်သူတွေကို စစ်တပ်နဲ့ရဲက ရှာဖွေဖမ်းဆီး





ရန်ကုန်၊ ဧပြီ ၃-၂၀၂၁

ရန်ကုန် မြို့လယ် ၆မြို့နယ်က အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ဦးဆောင်သူတွေကို ဒီနေ့ ဧပြီ ၃ရက် နေ့လယ်ပိုင်းမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

မျက်မြင်တွေ့ရှိသူတစ်ဦးက "၃၈လမ်းထဲကပဲ ၇ ဦးလောက်ပါသွားတယ်။ အကုန်နာမည်စာရင်းနဲ့ကို လာဖမ်းတာ" လို့ VOM ကို ပြောပါတယ်။

မြို့လယ် ၆ မြို့နယ်ကသပိတ်ခေါင်းဆောင်၊ တက်ကြွအလှူရှင်၊ Defence Team ဦးဆောင်သူတွေကို စစ်တပ်နဲ့ရဲတို့က စာရင်းနဲ့ လာဖမ်းတာလို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ ၆မြို့နယ်အတွင်း ဖမ်းဆီးခံရတဲ့ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မြို့လယ် ၆မြို့နယ်မှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လာသာ၊ လမ်းမတော်၊ ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်တို့ ပါဝင်ပါတယ်။


အေးချမ်းသူ(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

ရန်ကုန် မြို့လယ် ၆ မြို့နယ်က ဆန္ဒပြပွဲဦးဆောင်သူတွေကို စစ်တပ်နဲ့ရဲက ရှာဖွေဖမ်းဆီး ရန်ကုန် မြို့လယ် ၆ မြို့နယ်က ဆန္ဒပြပွဲဦးဆောင်သူတွေကို စစ်တပ်နဲ့ရဲက ရှာဖွေဖမ်းဆီး Reviewed by THITHTOOLWIN on 21:30 Rating: 5

No comments:

Powered by Blogger.